ICJ အရေးကနေ အမျိုးသားပြန်လည် သင့်မြတ်ရေး အလွန်ဆိုးယွားနေတာ မြင်ရဟုဆို

0
220

● အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ အရေးမှာ ဂမ်ဘီယာနိုင်ငံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့ ထောက်ခံနေတာ ကြည့်ရင် တိုင်းရင်းသားစည်းလုံးညွတ်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အခြေအနေ အလွန်ဆိုးယွားနေပြီလို့ မြင်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

● နိုင်ငံပေါ် တရားစွဲဆိုမှုကို သူတို့အနေနဲ့ ဗမာအစိုးရရဲ့ ပြဿနာလို့ ရှုမြင်နေတာအပြင် လူများစုနဲ့ လူနည်းစုတိုင်းရင်းသားတွေအကြားမှာ ရှိနေတဲ့ သံသယနဲ့ အမုန်းတရားတွေ ဘယ်လောက်ကြီးမား နက်ရှိုင်းတယ်ဆိုတာ မြင်နိုင်တယ်လို့လည်း သူက ပြောတာပါ။

● ဒါကြောင့် အစိုးရတွေ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပိုမိုအားထည့် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်း ဦးရဲထွဋ်က ပြောကြားခဲ့တာြဖစ်ပါတယ်။

● MCN သတင်းဌာနနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က သီးသန့်ပြုလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ ပြောကြားချက်တွေထဲက ပြန်လည် ထုတ်နှုတ်ပြီး Quote Of The Day အနေနဲ့ တင်ဆက်ပေးထားပါတယ်။

● အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ အရေးမှာ ဂမ်ဘီယာနိုင်ငံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့ ထောက်ခံနေတာ ကြည့်ရင် တိုင်းရင်းသားစည်းလုံးညွတ်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အခြေအနေ အလွန်ဆိုးယွားနေပြီလို့ မြင်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

● နိုင်ငံပေါ် တရားစွဲဆိုမှုကို သူတို့အနေနဲ့ ဗမာအစိုးရရဲ့ ပြဿနာလို့ ရှုမြင်နေတာအပြင် လူများစုနဲ့ လူနည်းစုတိုင်းရင်းသားတွေအကြားမှာ ရှိနေတဲ့ သံသယနဲ့ အမုန်းတရားတွေ ဘယ်လောက်ကြီးမား နက်ရှိုင်းတယ်ဆိုတာ မြင်နိုင်တယ်လို့လည်း သူက ပြောတာပါ။

● ဒါကြောင့် အစိုးရတွေ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပိုမိုအားထည့် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်း ဦးရဲထွဋ်က ပြောကြားခဲ့တာဖြစ်ပါတယ်။