မွန်တော်လှန်ရေးနေ့ ဖိအားပေးခံရဟု ဆို

0
232

အကြိမ် ၇၀မြောက် မွန်တော်လှန်ရေးနေ့အခန်းအနားမှာ စစ်ရေးပြတာ မလုပ်ဖို့ တပ်မတော်က ဖိအားပေးပြောဆိုခဲ့တယ်လို့ ပါတီထိပ်တန်းခေါင်းဆောင်တွေကို ကိုးကားပြီး မွန်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၇ရက် ဒီနေ့မှာ မွန်တော်လှန်ရေးနေ့ကို မွန်ပြည်သစ်ပါတီအခြေချတဲ့ ဘုရားသုံးဆူဒေသ၊ဗလဲ့ဒွန်းဖိုက်ရွာမှာ ကျင်းပပြုလုပ်မှာကို ဖိအားပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်ရင်းမှူးတစ်ဦးက “ဆက်ဆံရေးကနေတဆင့် အခမ်းအနားမလုပ်ဖို့ ပြောလာတယ်၊ ပြီးတော့ အစိုးရတပ်လှုပ်ရှားစစ်ကြောင်း တစ်ကြောင်း မနေ့ညနေပိုင်းမှာ ကျုံးကွီး (ဘုရားသုံးဆူမြို့-ဗလဲ့ဒွန်းဖိုက်ကားလမ်းကြား) ဘက်ကို ရောက်လာတယ်၊’ လို့ မွန်သတင်းအေ၈ျင်စီကို ပြောခဲ့ပါတယ်။

DPN ဒုတိယခေါင်းဆောင် နိုင်အောင်မငေးကလည်း “ UNFC အဖွဲ့ဝင်တွေ NCA လက်မှတ်ရေးထိုးမယ့်ကိစ္စ ဒီရက်ပိုင်းအတွင်းမှာ ဆွေးနွေးဖို့ရက်ချိန်းပေးထားပြီးပြီ၊ တပ်မတော်ဘက်က အောက်ခြေမှာ မွန်တော်လှန်ရေးနေ့ကို ခုလိုအကြောင်းရှာလာတာဟာ ငြိမ်းချမ်းရေးအောင်မြင်ဖို့ ယုံကြည်မှုတည်ဆောက်နေတဲ့အချိန်မှာ ဘယ်လိုနားလည်ပေးရမလဲ” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မွန်ပြည်သစ်ပါတီဗဟိုက  ကျင်းပခဲ့တဲ့ အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကိုလည်း “လက်နက်ဖြင့် စစ်ရေးပြအခမ်းအနား” ထည့်သွင်းကျင်းပခြင်းမပြုလုပ်ရန် မွန်ပြည်နယ် အစိုးရအဖွဲက တားမြစ်ခဲ့ဖူးပါတယ်။