မုံရွာမြို့ ဗောဓိတစ်ထောင် ဆင်ထိန်းသိမ်းရေးစောင့်ရှောက်ရေးစခန်း ဖွင့်လှစ်

0
71





Soundbite  ဦးဇ်ာဝင်းသိန်း (လက်ထောက်မန်နေဂျာ)  စစ်ကိုင်းတိုင်းဒေသကြီး သစ်ထုတ်လုပ်ရေး 


Soundbite  ဦးဇ်ာဝင်းသိန်း (လက်ထောက်မန်နေဂျာ)  စစ်ကိုင်းတိုင်းဒေသကြီး သစ်ထုတ်လုပ်ရေး 


မုံရွာမြို့ ဗောဓိတစ်ထောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းကို ဇူလိုင်လ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

ခရီသွားပြည်သူတွေ အပန်းဖြေနိုင်ဖို့၊ ဆင်တွေရဲ့ သဘာဝကို လေ့လာနိုင်ဖို့နဲ့ ဆင်စခန်းရှိ ဆင်တွေရဲ့ စွမ်းရည်ကို သရုပ်ပြသ နိုင်ဖို့ ရည်ရွယ်ပြီး ဆင် ၅ ကောင်ပါတဲ့ ဆင်စခန်းတစ်ခုကို မုံရွာမြို့မှာ ဖွင့်လှစ်လိုက်တာပါ။

ဇူလိုင်လ ၁၄ ရက်နေ့က မုံရွာမြို့နယ်ခတ္တကန်တောင်ရွာရှိ ဗောဓိတထောင်သာသနာ့နယ်မြေအတွင်း ဆင်စခန်း ကို အောင်စင်္ကြာစေတီခြေရင်း သနပ်ခါးစောင်တန်း တောင်ဘက်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆင်စခန်းမှာ ဆင်စီးခရီးစဉ်အနေနဲ့ အသွားအပြန် ၇ ဖာလုံ ကို ဝန်ဆောင်မှုပေးသွားမှာလည်း ဖြစ်ပါတယ်။

Soundbite ဦးဇာ်ဝင်းသိန်း (လက်ထောက်မန်နေဂျာ) စစ်ကိုင်းတိုင်းဒေသကြီး သစ်ထုတ်လုပ်ရေး

ဆင်စီးခရီးစဉ်အနေနဲ့ ပြည်တွင်းခရီးသွား တစ်ဦးကို ၅ ထောင်ကျပ်၊ ပြည်ပ ခရီးသွားတစ်ဦးကို တစ်သောင်းကျပ် ကျသင့်မှာ ဖြစ်ပြီး၊ ရပ်တော်မှုဘုရား၊ လျောင်းတော်မှုဘုရားနဲ့ ဗောဓိတထောင် တောင်တန်းအလှတွေကို လှည့်လည် ကြည့်ရှု့နိုင်ဖို့ စီစဉ် ပေးထားတာ ဖြစ်ပါတယ်။

Soundbite ဦးဇာ်ဝင်းသိန်း (လက်ထောက်မန်နေဂျာ) စစ်ကိုင်းတိုင်းဒေသကြီး သစ်ထုတ်လုပ်ရေး

မုံရွာမြို့ ဗောဓိတထောင် ဆင်စခန်းက စစ်ကိုင်းတိုင်းဒေသကြီးမှာ ၃ ခုမြောက် ဆင်စခန်းဖြစ်ပြီး တစ်နိုင်ငံလုးံအတိုင်းအတာအနေနဲ့ ၂၁ ခုမြောက် ဆင်စခန်းတစ်ခု ဖြစ်ပါတယ် ခင်ဗျာ။