မံု႐ြာတကၠသိုလ္ေက်ာင္းတြင္းသႀကၤန္ ေငြစာရင္း႐ွင္းတမ္း ႐ိုးသားမႈမ႐ွိဘူးလို႔ေျပာ

0
54

မုံရြာတကၠသိုလ္ ေက်ာင္းတြင္းသႀကၤန္ ေငြစာရင္းရွင္းတမ္း ရိုးသားမႈမရွိ္ဘူးလို႔ မုံရြာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက သတင္းစာရွင္းလင္းခဲ႔ပါတယ္။ ဒီသတင္းကို MCN မုံရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

ၿပီးခဲ႔တဲ႔ မတ္လအတြင္းက ျပဳလုပ္ခဲ႔တဲ႔ မုံရြာတကၠသိုလ္ ေက်ာင္းတြင္းသႀကၤန္ကို မုံရြာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ဦးေဆာင္ၿပီး က်င္းပခဲ႔တာ ျဖစ္ပါတယ္။

အဲဒီ ေက်ာင္းတြင္းသႀကၤန္နဲ႔ ပတ္သက္လို႔ ရသုံးေငြစာရင္း ရွင္းလင္းရာမွာ အဆိုေတာ္ငွားစရိတ္၊ ေလယာဥ္လက္မွတ္စာရင္း၊ ဟိုတယ္စရိတ္၊ ေက်ာင္းတြင္းသၾကၤန္၀င္ခြင့္ ကဒ္ျပားကိစၥ စတဲ႔ စာရင္းေတြမွာ ေငြေၾကးကြာဟေနမႈ ရွိခဲ႔တာေၾကာင့္ ေငြစာရင္းရွင္းတမ္း ရိုးသားမႈမရွိ္ဘူးလို႔ မုံရြာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ အဖြဲ႔ဝင္ေတြက ေျပာပါတယ္။

Soundbite  ကိုေအာင္ဟိန္းျမင့္ (အဖြဲ႔၀င္) မံုရြာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ

အဲဒီ ေက်ာင္းတြင္းသႀကၤန္အတြက္ ရေငြစုစုေပါင္း တစ္ရာႏွစ္ဆယ့္ေျခာက္သိန္းေက်ာ္ ရရိွၿပီး ကုန္က်ေငြကေတာ့ တစ္ရာႏွစ္ဆယ့္တစ္သိန္းေက်ာ္ ကုန္က်တယ္လို႔ မုံရြာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ အဖြဲ႔ဝင္ေတြက ေျပာပါတယ္။

အဲဒီ ေငြစာရင္းအေသးစိတ္နဲ႔ပတ္သတ္လို႕ မံုရြာတကၠသိုလ္စီမံဘ႑ာဌာနက စစ္ေဆးခဲ႔ရာမွာ ေတြ႔ရိွတဲ႕ ေငြပမာဏကိုေဖာ္ျပထားၿပီး လာမယ့္ပညာသင္ႏွစ္ေတြမွာ ရသုံးေငြစာရင္းေတြကို စနစ္တက် ျပဳစုဖို႔ လိုတယ္လို႔အႀကံျပဳခဲ႔တာ ျဖစ္ပါတယ္။

ဒါေပမယ့္ စြပ္စြဲခံရတဲ႔ ေက်ာင္းသားသမဂၢေခါင္းေဆာင္ႏွစ္ဦးအနက္ အတြင္းေရးမႈးျဖစ္သူ ကေတာ့ ေလယာဥ္လက္မွတ္စာရင္း အေဟာင္းနဲ႔ အသစ္ကြာဟခ်က္ရွိေနၿပီး၊ ပိုလ်ွံေငြေတြကို ဘ႑ာေငြထဲ ထည့္သြင္းကာ အကုန္ခ်ျပထားတယ္လို႕ ေျပာပါတယ္။

Soundbite ကိုသန္႔ဇင္ထြန္း (အေထြေထြအတြင္းေရးမွဴး) မံုရြာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ

အခုလက္ရွိ အျငင္းပြားေနတဲ႔ ဘ႑ာေငြကိစၥကို မံုရြာတကၠသိုလ္ ပါေမာကၡခ်ဳပ္ကိုယ္တိုင္ဦးေဆာင္ကာ အလုပ္အမႈေဆာင္ ေလးဦးကို ေခၚယူစစ္ေဆးခဲ႔ၿပီး ျဖစ္တယ္လို႔ မံုရြာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ေျပာပါတယ္ ခင္ဗ်ာ။

မုံရွာတက္ကသိုလ် ကျောင်းတွင်းသင်္ကြန် ငွေစာရင်းရှင်းတမ်း ရိုးသားမှုမရှိ်ဘူးလို့ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက သတင်းစာရှင်းလင်းခဲ့ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ပြုလုပ်ခဲ့တဲ့ မုံရွာတက္ကသိုလ် ကျောင်းတွင်းသင်္ကြန်ကို မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကျောင်းတွင်းသင်္ကြန်နဲ့ ပတ်သက်လို့ ရသုံးငွေစာရင်း ရှင်းလင်းရာမှာ အဆိုတော်ငှားစရိတ်၊ လေယာဉ်လက်မှတ်စာရင်း၊ ဟိုတယ်စရိတ်၊ ကျောင်းတွင်းသင်္ကြန်ဝင်ခွင့် ကဒ်ပြားကိစ္စ စတဲ့ စာရင်းတွေမှာ ငွေကြေးကွာဟနေမှု ရှိခဲ့တာကြောင့် ငွေစာရင်းရှင်းတမ်း ရိုးသားမှုမရှိ်ဘူးလို့ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေက ပြောပါတယ်။

Soundbite ကိုအောင်ဟိန်းမြင့် (အဖွဲ့ဝင်) မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

အဲဒီ ကျောင်းတွင်းသင်္ကြန်အတွက် ရငွေစုစုပေါင်း တစ်ရာနှစ်ဆယ့်ခြောက်သိန်းကျော် ရရှိပြီး ကုန်ကျငွေကတော့ တစ်ရာနှစ်ဆယ့်တစ်သိန်းကျော် ကုန်ကျတယ်လို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီ ငွေစာရင်းအသေးစိတ်နဲ့ပတ်သတ်လို့ မုံရွာတက္ကသိုလ်စီမံဘဏ္ဍာဌာနက စစ်ဆေးခဲ့ရာမှာ တွေ့ရှိတဲ့ ငွေပမာဏကိုဖော်ပြထားပြီး လာမယ့်ပညာသင်နှစ်တွေမှာ ရသုံးငွေစာရင်းတွေကို စနစ်တကျ ပြုစုဖို့ လိုတယ်လို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စွပ်စွဲခံရတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်နှစ်ဦးအနက် အတွင်းရေးမှုးဖြစ်သူ ကတော့ လေယာဉ်လက်မှတ်စာရင်း အဟောင်းနဲ့ အသစ်ကွာဟချက်ရှိနေပြီး၊ ပိုလျှံငွေတွေကို ဘဏ္ဍာငွေထဲ ထည့်သွင်းကာ အကုန်ချပြထားတယ်လို့ ပြောပါတယ်။

Soundbite ကိုသန့်ဇင်ထွန်း (အထွေထွေအတွင်းရေးမှူး) မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္

အခုလက်ရှိ အငြင်းပွားနေတဲ့ ဘဏ္ဍာငွေကိစ္စကို မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ကိုယ်တိုင်ဦးဆောင်ကာ အလုပ်အမှုဆောင် လေးဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောပါတယ် ခင်ဗျာ။