မုံရွာမှာ ကျပ်သိန်းပေါင်း (၈၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

0
237

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အလုံတပ်နယ်မြေ ဗန္ဓုလရပ်ကွက်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေမှာ ကျပ်သိန်းပေါင်း (၈၀)ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

15055743_615968011939769_8496634465202744080_n

မင်းကင်းမြို့နယ် ဇလုပ်မ ရွာနေ ကိုဆွေမြင့်နဲ့ဇနီးဖြစ်သူ မခင်ဝိုင်းတို့နှစ်ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို သတင်းအရ ရပ်တန့်ရှာဖွေရာမျာ မခင်ဝိုင်းလွယ်ထားတဲ့ လွယ်အိတ်အတွင်းက မူးယစ် ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

15027480_615967988606438_6252097233535771328_n

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ကျပ် ၇၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူ နဲ့ ကျပ်သိန်း ဆယ်သိန်းနီးပါးတန်ဖိုးရှိစိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့တရားခံတွေကို မုံရွာမြို့မစခန်းမှာ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။
ပုံ-MCN NEWS ROOM