မေလးရွား ရဲတပ္ဖြဲ႔ဝင္ ၁၀၀ ေက်ာ္ မူးယစ္ေဆးဝါး သံုးစြဲေၾကာင္း ေတြ႔ရွိ

0
54

မေလးရွား ရဲတပ္ဖြဲ႔ဝင္ ၁၀၀ ေက်ာ္ဟာ မူးယစ္ေဆးဝါး သံုးစြဲေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့တယ္လို႔ မေလးရွား ရဲခ်ဳပ္ ဟာမစ္ ဘာေဒါက ေျပာပါတယ္။ 

ရဲစခန္းေတြကို မူးယစ္ေဆးဝါး စစ္ေဆးမႈ လုပ္ခ်ိန္မွာ ရဲတပ္ဖြဲ႔ဝင္ ၁၀၀ ေက်ာ္ဟာ မူးယစ္ေဆးဝါး သံုးစြဲထားေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ရဲတပ္ဖြဲ႔ဝင္ေတြကို ဆီးစစ္ခ်ိန္မွာ မူးယစ္ေဆးဝါး သံုးစြဲထားတာ ေတြ႔ရွိရၿပီး မူးယစ္ေဆးဝါးမ်ိဳးစံု သံုးစြဲထားတာ ေတြ႔ရွိခဲ့တယ္လို႔ မေလးရွား ရဲခ်ဳပ္က ေျပာပါတယ္။ 

မေလးရွား ရဲတပ္ဖြဲ႔ဝင္ေတြကို မူးယစ္ေဆးဝါး စစ္ေဆးမႈေတြ ၾသဂုတ္လ ၁၃ ရက္ကေန ၾသဂုတ္လ ၂၀ ရက္ေန႔အထိ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ မူးယစ္ေဆး သံုးစြဲတဲ့ ရဲေတြကို စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္သြားမယ္လို႔ မေလးရွား ရဲခ်ဳပ္က ေျပာပါတယ္။

မလေးရှား ရဲတပ်ဖွဲ့ဝင် ၁၀ဝ ကျော် မူးယစ်ဆေးဝါး သုံးစွဲကြောင်း တွေ့ရှိ

မလေးရှား ရဲတပ်ဖွဲ့ဝင် ၁၀ဝ ကျော်ဟာ မူးယစ်ဆေးဝါး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မလေးရှား ရဲချုပ် ဟာမစ် ဘာဒေါက ပြောပါတယ်။

ရဲစခန်းတွေကို မူးယစ်ဆေးဝါး စစ်ဆေးမှု လုပ်ချိန်မှာ ရဲတပ်ဖွဲ့ဝင် ၁၀ဝ ကျော်ဟာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ဆီးစစ်ချိန်မှာ မူးယစ်ဆေးဝါး သုံးစွဲထားတာ တွေ့ရှိရပြီး မူးယစ်ဆေးဝါးမျိုးစုံ သုံးစွဲထားတာ တွေ့ရှိခဲ့တယ်လို့ မလေးရှား ရဲချုပ်က ပြောပါတယ်။

မလေးရှား ရဲတပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါး စစ်ဆေးမှုတွေ သြဂုတ်လ ၁၃ ရက်ကနေ သြဂုတ်လ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေး သုံးစွဲတဲ့ ရဲတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ မလေးရှား ရဲချုပ်က ပြောပါတယ်။