မေလးရွားမွာ UNHCR ကတ္အတုေရာင္းတဲ့ ျမန္မာတစ္ဦး အဖမ္းခံရ

0
68

မေလးရွားႏိုင္ငံ၊ တာမန္ ဆရီ ရမ္ဘိုင္မွာ ရဲေတြက ဝင္ေရာက္စီးနင္းၿပီး ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) ကတ္ အတုလုပ္ေရာင္းေနတဲ့ ျမန္မာႏိုင္ငံက လာသူတစ္ဦးကို ဖမ္းဆီးလိုက္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကတည္းက စံုစမ္းစစ္ေဆးမႈနဲ႔ ေထာက္လွမ္းေရး သတင္းေတြ စုေဆာင္းၿပီးေနာက္ မေန႔ ၾသဂုတ္လ ၂၂ ရက္ေန႔က အသက္ ၄၅ ႏွစ္အရြယ္ အမ်ိဳးသားကို ဖမ္းဆီးလိုက္တာ ျဖစ္တယ္လို႔ ခ႐ိုင္ရဲမွဴး နစ္ အဗၺဒူ ဟာမစ္က ေျပာပါတယ္။

အဲဒီအမ်ိဳးသား ငွားေနတဲ့ အိမ္ကို ရဲက စီးနင္းရွာေဖြရာမွာ အမည္ အမ်ိဳးမ်ိဳး တပ္ထားတဲ့ UNHCR ကတ္အတု ငါးခု၊ လူဝင္မႈႀကီးၾကပ္ေရးဌာန i-card အတု ေလးခု၊ ျမန္မာ ႏိုင္ငံကူးလက္မွတ္အတု သံုးခု၊ ေဆာက္လုပ္ေရးလုပ္ငန္း ဖြံ႔ၿဖိဳးေရး ဘုတ္အဖြဲ႔ (CIDB) ကတ္ ငါးခုတို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္။ ဒါ့အျပင္ ဆက္စပ္ပစၥည္းေတြျဖစ္တဲ့ ပရင္တာ၊ စာရြက္ေတြ၊ ပလတ္စတစ္ေလာင္းစက္ေတြလည္း သိမ္းဆည္းရမိပါတယ္။ ကတ္အတုတစ္ခုကို မေလးရွားရင္းဂစ္ ၃၀ နဲ႔ ေရာင္းခ်တာ ျဖစ္ပါတယ္။

မလေးရှားမှာ UNHCR ကတ်အတုရောင်းတဲ့ မြန်မာတစ်ဦး အဖမ်းခံရ


မလေးရှားနိုင်ငံ၊ တာမန် ဆရီ ရမ်ဘိုင်မှာ ရဲတွေက ဝင်ရောက်စီးနင်းပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ် အတုလုပ်ရောင်းနေတဲ့ မြန်မာနိုင်ငံက လာသူတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စုံစမ်းစစ်ဆေးမှုနဲ့ ထောက်လှမ်းရေး သတင်းတွေ စုဆောင်းပြီးနောက် မနေ့ သြဂုတ်လ ၂၂ ရက်နေ့က အသက် ၄၅ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ခရိုင်ရဲမှူး နစ် အဗ္ဗဒူ ဟာမစ်က ပြောပါတယ်။


အဲဒီအမျိုးသား ငှားနေတဲ့ အိမ်ကို ရဲက စီးနင်းရှာဖွေရာမှာ အမည် အမျိုးမျိုး တပ်ထားတဲ့ UNHCR ကတ်အတု ငါးခု၊ လူဝင်မှုကြီးကြပ်ရေးဌာန i-card အတု လေးခု၊ မြန်မာ နိုင်ငံကူးလက်မှတ်အတု သုံးခု၊ ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ (CIDB) ကတ် ငါးခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ပရင်တာ၊ စာရွက်တွေ၊ ပလတ်စတစ်လောင်းစက်တွေလည်း သိမ်းဆည်းရမိပါတယ်။ ကတ်အတုတစ်ခုကို မလေးရှားရင်းဂစ် ၃၀ နဲ့ ရောင်းချတာ ဖြစ်ပါတယ်။