မေလးရွားမွာ ျမန္မာအခ်င္းခ်င္း လူသတ္မႈ ျဖစ္

0
67

မေလးရွားႏိုင္ငံ၊ ပန္ကလန္ၿမိဳ႕ရွိ ေစ်းအေရာင္းဆိုင္ တစ္ဆိုင္မွာ ျမန္မာႏိုင္ငံသား တစ္ဦးကို တျခား ျမန္မာႏိုင္ငံသားတစ္ဦးက သတ္ျဖတ္မႈ ျဖစ္ပြားခဲ့ပါတယ္။

စက္တင္ဘာလ ၂ ရက္ေန႔က ျမန္မာႏိုင္ငံသား ႏွစ္ဦး ရန္ျဖစ္ေနေၾကာင္း ညေန ၆ နာရီခြဲမွာ ရဲကို အနီးအနားက လူေတြက အေၾကာင္းၾကားခဲ့တယ္လို႔ ခ႐ိုင္ရဲအႀကီးအကဲ အာမက္ အက္ဒင္ ဘာဆရီက ေျပာပါတယ္။ ဖူဆင္ရွိ ပရိေဘာဂ စက္႐ံုမွာ လြန္ခဲ့တဲ့ တစ္လက အလုပ္ဝင္သူ အသက္ ၂၂ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ထိုးသြင္းဒဏ္ရာနဲ႔ ေသဆံုးေနတာ ေတြ႔ခဲ့ေၾကာင္း အာမက္ အက္ဒင္က ေျပာပါတယ္။ 

ေသဆံုးသူအနီးမွာ ကတ္ေၾကးတစ္လက္ေတြ႔ရၿပီး အဲဒီ ကတ္ေၾကးနဲ႔ ထိုးသတ္တယ္လို႔ ယူဆထားပါတယ္။ လူသတ္မႈမွာ သံသယရွိသူက အသတ္ခံရသူနဲ႔ အခန္း အတူတူ ငွားေနတာ ျဖစ္ၿပီး လူသတ္မႈ ျဖစ္ၿပီးေနာက္ ထြက္ေျပးေနပါတယ္။

မလေးရှားမှာ မြန်မာအချင်းချင်း လူသတ်မှု ဖြစ်


မလေးရှားနိုင်ငံ၊ ပန်ကလန်မြို့ရှိ ဈေးအရောင်းဆိုင် တစ်ဆိုင်မှာ မြန်မာနိုင်ငံသား တစ်ဦးကို တခြား မြန်မာနိုင်ငံသားတစ်ဦးက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။


စက်တင်ဘာလ ၂ ရက်နေ့က မြန်မာနိုင်ငံသား နှစ်ဦး ရန်ဖြစ်နေကြောင်း ညနေ ၆ နာရီခွဲမှာ ရဲကို အနီးအနားက လူတွေက အကြောင်းကြားခဲ့တယ်လို့ ခရိုင်ရဲအကြီးအကဲ အာမက် အက်ဒင် ဘာဆရီက ပြောပါတယ်။ ဖူဆင်ရှိ ပရိဘောဂ စက်ရုံမှာ လွန်ခဲ့တဲ့ တစ်လက အလုပ်ဝင်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ကြောင်း အာမက် အက်ဒင်က ပြောပါတယ်။


သေဆုံးသူအနီးမှာ ကတ်ကြေးတစ်လက်တွေ့ရပြီး အဲဒီ ကတ်ကြေးနဲ့ ထိုးသတ်တယ်လို့ ယူဆထားပါတယ်။ လူသတ်မှုမှာ သံသယရှိသူက အသတ်ခံရသူနဲ့ အခန်း အတူတူ ငှားနေတာ ဖြစ်ပြီး လူသတ်မှု ဖြစ်ပြီးနောက် ထွက်ပြေးနေပါတယ်။