မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာလာရန်းနယ်မြေကို မြန်မာနိုင်ငံသားတွေ မသွားရောက်ဖို့ သတိပေးထုတ်ပြန်

0
2437

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာလာရန်းနယ်မြေကို မြန်မာနိုင်ငံသားတွေ မသွားရောက်ဖို့ ကွာလာလန်ပူအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာသံရုံးက သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့ ရက်စွဲနဲ့ သံရုံကထုတ်ပြန်လိုက်တဲ့ အဲ့ဒီလုံခြုံရေးသတိပေးကြေညာချက်ထဲမှာတော့ ဆာလာရန်း နယ်မြေအတွင်းမှာ ဒေသခံ အိန္ဒိယနွယ်ဖွား မလေးရှားနိုင်ငံသားတွေနဲ့ အဲ့ဒီဒေသကို တရားဝင်/တရားမဝင် ရောက်ရှိနေထိုင်လျက်ရှိကြတဲ့ မြန်မာမွတ်ဆလင်ဆိုတဲ့ အဖွဲ့အစည်းနှစ်ခုကြား ဂိုဏ်းဂဏဖွဲ့ပြီး နယ်မြေလု အငြင်းပွားရာမှ ပဋိပက္ခအသွင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီပဋိပက္ခအတွင်း အပြန်အလှန် လက်တုန့်ပြန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်အဖွဲ့တို့အကြား သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း အခုလို သတိပေးကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။