မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားဆိုသူ ၄၃၆ ဦးရှိ

0
2470

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ အကြောင်းအမျိုးမျိုးနဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားဆိုသူ ၄၃၆ ဦးရှိတယ်လို့ မလေးရှားနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာသံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဇန်န၀ါရီလ ၁၄ ရက်နေ့က သံရုံးဝန်ထမ်းတွေဟာ Melaka လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို သွားရောက်တွေ့ဆုံမှုတွေပြုအလုပ်အပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီကြေညာ ချက်ထဲမှာတော့ မြန်မာနိုင်ငံသားဆိုသူတွေထဲက မြန်မာနိုင်ငံကို ပြန်ဖို့ဆန္ဒရှိသူ (၁၁၄) ဦးရှိပြီး၊ ကျန် (၃၂၂) ဦးဟာ UNHCR ဒုက္ခသည်ကတ်ရရှိရေး စောင့်ဆိုင်းလိုသူတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ ပြန်လိုသူတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ (နိုင်ငံသားဖြစ်ကြောင်းသက်သေခံလက်မှတ်) C of I ထုတ်ပေးပြီး မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။