မေလးရွားစာသင္ေက်ာင္းေပါင္း ၃၄ ေက်ာင္းပိတ္ထား

0
607

မေလးရွားႏုိင္ငံအတြင္း  ဓါတုပစၥည္းေၾကာင့္ အဆိပ္ေငြ႔မိခဲ့တဲ့လူရာခ်ီကို ျပဳစုကုသေနရတာေၾကာင့္ မေလးရွား ပညာေရး၀န္ၾကီးဌာနက  ႏိုင္ငံအတြင္း႐ွိ စာသင္ေက်ာင္းေပါင္း ၃၄ ေက်ာင္းကို ပိတ္သိမ္းဖုိ႔ အမိန္႔ေပးခဲ့ပါတယ္။

ဓာတုပစၥည္း ယို႔စိမ့္မႈနဲ႔ပတ္သက္လို႔ သံသယရွိသူတစ္ဦးကုိဖမ္းဆီးထားတယ္လို႔ မေလးရွား ပညာေရး၀န္ၾကီးကေျပာပါတယ္။

အေျခအေနေတြက အေရးႀကီးေနတာေၾကာင့္ စာသင္ေက်ာင္းေတြကို ပိတ္သိမ္းဖုိ႔ ဆံုးျဖတ္လိုက္တာျဖစ္ေၾကာင္း၊ ဓါတုပစၥည္းစြန္႔ပစ္တဲ့ျမစ္နဲ႔ သံုးကီလုိမီတာအတြင္းရွိတဲ့  ေက်ာင္းေတြကို ပိတ္သိမ္းလုိက္ၿပီျဖစ္ေၾကာင္း၊ စိုးရိမ္ရတဲ့အႏၱာရယ္မ်ိဳး႐ွိတာေၾကာင့္ ဆရာမေတြ ေက်ာင္းတက္ စရာမလုိေၾကာင္း မေလးရွားပညာေရး၀န္ႀကီး မက္ဇီကေျပာပါတယ္။ သဘာ၀ပတ္၀န္းက်င္ ထိခိုက္ေစတဲ့သူေတြကို စြဲခ်က္တင္ႏုိင္ဖုိ႔ မေလးရွားေ႐ွ႕ေနခ်ဳပ္နဲ႔  တုိင္ပင္ေနတယ္လုိ႔ မေလးရွား စြမ္းအင္နဲ႔သဘာ၀ ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးကေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားစာသင်ကျောင်းပေါင်း ၃၄ ကျောင်းပိတ်ထား

မလေးရှားနိုင်ငံအတွင်း  ဓါတုပစ္စည်းကြောင့် အဆိပ်ငွေ့မိခဲ့တဲ့လူရာချီကို ပြုစုကုသနေရတာကြောင့် မလေးရှား ပညာရေးဝန်ကြီးဌာနက  နိုင်ငံအတွင်းရှိ စာသင်ကျောင်းပေါင်း ၃၄ ကျောင်းကို ပိတ်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။

ဓာတုပစ္စည်း ယို့စိမ့်မှုနဲ့ပတ်သက်လို့ သံသယရှိသူတစ်ဦးကိုဖမ်းဆီးထားတယ်လို့ မလေးရှား ပညာရေးဝန်ကြီးကပြောပါတယ်။

အခြေအနေတွေက အရေးကြီးနေတာကြောင့် စာသင်ကျောင်းတွေကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း၊ ဓါတုပစ္စည်းစွန့်ပစ်တဲ့မြစ်နဲ့ သုံးကီလိုမီတာအတွင်းရှိတဲ့  ကျောင်းတွေကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ စိုးရိမ်ရတဲ့အန္တာရယ်မျိုးရှိတာကြောင့် ဆရာမတွေ ကျောင်းတက် စရာမလိုကြောင်း မလေးရှားပညာရေးဝန်ကြီး မက်ဇီကပြောပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့သူတွေကို စွဲချက်တင်နိုင်ဖို့ မလေးရှားရှေ့နေချုပ်နဲ့  တိုင်ပင်နေတယ်လို့ မလေးရှား စွမ်းအင်နဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကပြောပါတယ်။