မေလးရွားကိုသြားမယ့္ ျမန္မာ ၁၈ ဦးကို ေတာထဲမွာ ထိုင္းရဲက ဖမ္းဆီး

0
334

မေလးရွားႏိုင္ငံကို တရားမဝင္ သြားေရာက္ဖို႔ ေတာထဲမွာ ပုန္းေအာင္းေစာင့္ဆိုင္းေနတဲ့ ျမန္မာ ၁၈ ဦးကို ထိုင္းရဲက ဖမ္းဆီးလိုက္ပါတယ္။

သူတို႔ဟာ ေတာထဲမွာ ေလးရက္ၾကာ စားနပ္ရိကၡာမပါဘဲ ပုန္းေအာင္းေနစဥ္ ေလးရက္အၾကာ ဇြန္လ ၁၄ ရက္ေန႔ ခါေလာင္ နယ္ယာ သာဝီ လမ္းမအနီးမွာ ထိုင္းရဲ၊ လူကုန္ကူးမႈတားဆီးေရး အဖြဲ႔နဲ႔ ထိုင္းစစ္သားေတြက ေတြ႔ရွိ ဖမ္းဆီးခဲ့တာပါ။ သူတို႔ကို လက္ခံခဲ့တဲ့ ျမန္မာအမ်ိဳးသမီးတစ္ဦးကိုလည္း ဖမ္းဆီးခဲ့ပါတယ္။  

မေလးရွားကို တရားမဝင္ သြားေရာက္မယ့္ သူေတြထဲမွာ အမ်ိဳးသား ၁၆ ဦးနဲ႔ အမ်ိဳးသမီး ႏွစ္ဦးတို႔ ပါဝင္ပါတယ္။ တရားမဝင္ ဝင္ေရာက္လာသူေတြကို လက္ခံထားတဲ့ အမ်ိဳးသမီးကို ဆက္လက္ စစ္ေဆးေနပါတယ္။ သူတို႔ကို ေတာထဲပို႔ထားၿပီး အသံမထြက္ၾကဖို႔ မွာထားေၾကာင္း၊ ပုန္းေအာင္းေနစဥ္ ငွက္ေပ်ာအူတိုင္နဲ႔ ေရကုိသာ စားေသာက္ခဲ့ရေၾကာင္း လူကုန္ကူးခံရသူေတြက စကားျပန္ကတစ္ဆင့္ ေျပာပါတယ္။  

မလေးရှားကိုသွားမယ့် မြန်မာ ၁၈ ဦးကို တောထဲမှာ ထိုင်းရဲက ဖမ်းဆီး

မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ တောထဲမှာ ပုန်းအောင်းစောင့်ဆိုင်းနေတဲ့ မြန်မာ ၁၈ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။

သူတို့ဟာ တောထဲမှာ လေးရက်ကြာ စားနပ်ရိက္ခာမပါဘဲ ပုန်းအောင်းနေစဉ် လေးရက်အကြာ ဇွန်လ ၁၄ ရက်နေ့ ခါလောင် နယ်ယာ သာဝီ လမ်းမအနီးမှာ ထိုင်းရဲ၊ လူကုန်ကူးမှုတားဆီးရေး အဖွဲ့နဲ့ ထိုင်းစစ်သားတွေက တွေ့ရှိ ဖမ်းဆီးခဲ့တာပါ။ သူတို့ကို လက်ခံခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

မလေးရှားကို တရားမဝင် သွားရောက်မယ့် သူတွေထဲမှာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ ပါဝင်ပါတယ်။ တရားမဝင် ဝင်ရောက်လာသူတွေကို လက်ခံထားတဲ့ အမျိုးသမီးကို ဆက်လက် စစ်ဆေးနေပါတယ်။ သူတို့ကို တောထဲပို့ထားပြီး အသံမထွက်ကြဖို့ မှာထားကြောင်း၊ ပုန်းအောင်းနေစဉ် ငှက်ပျောအူတိုင်နဲ့ ရေကိုသာ စားသောက်ခဲ့ရကြောင်း လူကုန်ကူးခံရသူတွေက စကားပြန်ကတစ်ဆင့် ပြောပါတယ်။