မူးယစ်ဆေးဝါး ဖမ်းခံရမှုတွေနဲ့ ရခိုင်မှာ AA အရေးနိမ့်လာလို့ တိုက်ခိုက်ဟု NLD အစိုးရဆို

0
100




● မူးယစ်ဆေးဝါး ဖမ်းဆီးခံရမှုတွေနဲ့အတူ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ ထိခိုက်ကျဆုံးမှုများပြားကာ စစ်ရေးအရ အရေးနိမ့်လာမှု အခြေအနေတွေကြောင့် AA၊ TNLA နဲ့ MNDAA တို့က ဥပဒေစိုးမိုးမှုကို ထိပါးနှောက်ယှက်ကာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ကိုင်လာတာဖြစ်တယ်လို့ NLD အစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

● တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ကိုးကားပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ သြဂုတ်လ ၁၅ ရက်နေ့ တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်သံသတင်းဌာန MRTV က တရားဝင် သတင်းထုတ်ပြန်ကြေညာထားပါတယ်။