မူးယစ္ေဆးဝါး သယ္တဲ့ ျမန္မာအမ်ိဳးသမီးႏွစ္ဦး ထိုင္းနယ္စပ္မွာ အဖမ္းခံရ

0
68

ထိုင္း-ျမန္မာ နယ္စပ္ ခ်င္း႐ိုင္ခ႐ိုင္ နယ္ျခားဂိတ္မွာ မူးယစ္ေဆးဝါးေတြ ထိုင္းႏိုင္ငံထဲ သယ္ယူဖို႔ ႀကိဳးပမ္းတဲ့ အမ်ိဳးသမီး ႏွစ္ဦးကို ထိုင္းရဲက ဖမ္းဆီးလိုက္ပါတယ္။

အမ်ိဳးသမီး ႏွစ္ဦးဟာ ၾသဂုတ္လ ၂၇ ရက္ ညေနက အိုက္စ္ မူးယစ္ေဆး ၂ ကီလိုဂရမ္နဲ႔ မက္သာဖက္တမင္း ေဆးျပား ၄၁၀၀၀ တို႔ကို ထိုင္းႏိုင္ငံထဲ သယ္ယူဖို႔ ႀကိဳးစားခဲ့ၾကတာ ျဖစ္ပါတယ္။ ဝမ္ေအာင္ (၂၂ ႏွစ္) နဲ႔ နန္းမူ (၃၃ ႏွစ္) တို႔ကို တာခ်ီလိတ္ၿမိဳ႕ကေန မယ္ဆိုင္ၿမိဳ႕ကို တကၠစီ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ အလာ နယ္စပ္ဂိတ္မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

သူတို႔ဟာ မူးယစ္ေဆးဝါးေတြကို သစ္သီးအိတ္နဲ႔ မုန္႔ဗူးေတြထဲမွာ ထည့္ၿပီး သယ္လာတာပါ။ လတ္တေလာမွာ သူတို႔ကို မယ္ဆိုင္ ရဲစခန္းမွာ ဖမ္းဆီးစစ္ေဆးေနပါတယ္။

မူးယစ်ဆေးဝါး သယ်တဲ့ မြန်မာအမျိုးသမီးနှစ်ဦး ထိုင်းနယ်စပ်မှာ အဖမ်းခံရ

ထိုင်း-မြန်မာ နယ်စပ် ချင်းရိုင်ခရိုင် နယ်ခြားဂိတ်မှာ မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံထဲ သယ်ယူဖို့ ကြိုးပမ်းတဲ့ အမျိုးသမီး နှစ်ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။

အမျိုးသမီး နှစ်ဦးဟာ သြဂုတ်လ ၂၇ ရက် ညနေက အိုက်စ် မူးယစ်ဆေး ၂ ကီလိုဂရမ်နဲ့ မက်သာဖက်တမင်း ဆေးပြား ၄၁၀ဝ၀ တို့ကို ထိုင်းနိုင်ငံထဲ သယ်ယူဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ဝမ်အောင် (၂၂ နှစ်) နဲ့ နန်းမူ (၃၃ နှစ်) တို့ကို တာချီလိတ်မြို့ကနေ မယ်ဆိုင်မြို့ကို တက္ကစီ မော်တော်ဆိုင်ကယ်နဲ့ အလာ နယ်စပ်ဂိတ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ မူးယစ်ဆေးဝါးတွေကို သစ်သီးအိတ်နဲ့ မုန့်ဗူးတွေထဲမှာ ထည့်ပြီး သယ်လာတာပါ။ လတ်တလောမှာ သူတို့ကို မယ်ဆိုင် ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။