
0
266





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ အမိန့်ကြေညာချက်ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်ဟာ အရင်ဥပဒေပါ အချက်တွေကို ပြင်ဆင်ပယ်ဖျက်တာတွေ ပြုလုပ်ထားပြီး ထူးခြားချက်အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ပြန်လည်ထူထောင်ရေး အလေးပေးထားတဲ့ အချက်တွေ ထည့်သွင်း ရေးဆွဲထားပါတယ်။

ပုဒ်မ ၁၅ မှာ ဆေးဝါးသုံးစွဲသူအား လိုအပ်ပါက ပြန်လည် ထူထောင်ရေး စခန်းသို့ ပြန်လည် ပို့ဆောင်ပေးခြင်းကို သော်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်းကို သော်လည်းကောင်း သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဖေဖဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပြင်ဆင်ချက်မှာ အချက် ၃၀ ပါဝင်ပါတယ် ။