မူးယစ္ေဆးဝါးစက္႐ံု ဖ်က္ဆီးခံရမႈနဲ႔ AA အက်အဆံုးမ်ားလို႔ လာတိုက္တာလို႔ တပ္မေတာ္ ေျပာ

0
139

ျပင္ဦးလြင္ၿမိဳ႕နဲ႔ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ ေနရာ ေျခာက္ေနရာ ဒီေန႔ ၾသဂုတ္လ ၁၅ ရက္က တိုက္ခိုက္ခံရမႈဟာ မူးယစ္ေဆးဝါးနဲ႔ လက္နက္ခဲယမ္း ဖမ္းဆီးမႈ၊ မူးယစ္ေဆးဝါး ႐ိုက္စက္နဲ႔ ဘိန္းခ်က္စက္ေတြ သိမ္းဆည္းမႈ၊ AA ရခိုင္လက္နက္ကိုင္ တပ္ဖြဲ႔ဝင္ေတြ အက်အဆံုး မ်ားမႈတို႔ေၾကာင့္ ျဖစ္တယ္လို႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၂၅ ရက္ေန႔က ကြတ္ခိုင္ၿမိဳ႕နယ္၊ ေရွာက္ေဟာ္ ေက်းရြာ အေရွ႕ေတာင္ဘက္ ေခ်ာင္းဆံုေနရာတစ္ဝိုက္ မူးယစ္ေဆးဝါး စုစုေပါင္း တန္ဖိုးေငြက်ပ္ ၁၆ ဘီလီယံေက်ာ္နဲ႔ မူးယစ္ေဆးဝါး ႐ိုက္စက္အပါအဝင္ ဆက္စပ္ပစၥည္းေတြ၊ ဘိန္းခ်က္စခန္းေတြကို တပ္မေတာ္က သိမ္းဆည္းခဲ့ပါတယ္။

ဒါ့အျပင္ ၾသဂုတ္လ ၈ ရက္ေန႔မွာ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ရက္ခံုတိုင္ ေက်းရြာမွ မူးယစ္ေဆးဝါး တန္ဖိုး က်ပ္ ၅ ဘီလီယံခန္႔၊ ခဲယမ္းနဲ႔ ဆက္စပ္ပစၥည္းေတြကိုလည္း တပ္မေတာ္က သိမ္းဆည္းရရိွခဲ့သည့္အေပၚ ေက်နပ္မႈမရိွျခင္း၊ ရခိုင္ျပည္နယ္မွာ AA တပ္ဖြဲ႔ဝင္ေတြ ထိခိုက္က်ဆံုးမႈ မ်ားျပားၿပီး စစ္ေရးအရ အေရးနိမ့္လာျခင္းတို႔ေၾကာင့္ AA ၊ တအာင္းTNLA ၊ ကိုးကန္႔ MNDAA လက္နက္ကိုင္ေတြက ပစ္ခတ္တိုက္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တာလို႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မူးယစ်ဆေးဝါးစက်ရုံ ဖျက်စီးခံရမှုနဲ့ AA အကျအဆုံးများလို့ လာတိုက်တာလို့ တပ်မတော် ပြော


ပြင်ဦးလွင်မြို့နဲ့ နောင်ချိုမြို့နယ်အတွင်းရှိ နေရာ ခြောက်နေရာ ဒီနေ့ သြဂုတ်လ ၁၅ ရက်က တိုက်ခိုက်ခံရမှုဟာ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်း ဖမ်းဆီးမှု၊ မူးယစ်ဆေးဝါး ရိုက်စက်နဲ့ ဘိန်းချက်စက်တွေ သိမ်းဆည်းမှု၊ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ အကျအဆုံး များမှုတို့ကြောင့် ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်နဲ့ မူးယစ်ဆေးဝါး ရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းတွေ၊ ဘိန်းချက်စခန်းတွေကို တပ်မတော်က သိမ်းဆည်းခဲ့ပါတယ်။


ဒါ့အပြင် သြဂုတ်လ ၈ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင် ကျေးရွာမှ မူးယစ်ဆေးဝါး တန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း တပ်မတော်က သိမ်းဆည်းရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း၊ ရခိုင်ပြည်နယ်မှာ AA တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု များပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ကြောင့် AA ၊ တအာင်းTNLA ၊ ကိုးကန့် MNDAA လက်နက်ကိုင်တွေက ပစ်ခတ်တိုက်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။