
0
33




မုန်တိုင်းကြောင့် ဂျပန်မှာ လေကြောင်းလိုင်း ၈၀ဝ နီးပါး ရပ်ထားရ


မနေ့က ဂျပန်နိုင်ငံ အနောက်ပိုင်းကို အင်အားပြင်း အပူပိုင်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် ဂျပန်နိုင်ငံက ပြည်တွင်းလေကြောင်း ခရီးစဉ် ၇၆၁ ခု ရပ်ဆိုင်းခဲ့ရပါတယ်။


တိုကျိုက ဟာနဲဒါ လေဆိပ်နဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်းက လေဆိပ်တွေကို ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းထားရတာပါ။ ခရီးသွားတွေအနေနဲ့ မိမိတို့ရဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်တဲ့သတင်းတွေကို စစ်ဆေးကြည့်ရှုဖို့ လေကြောင်းလိုင်း ကုမ္ပဏီတွေက တိုက်တွန်းထားပါတယ်။


မုန်တိုင်းကြောင့် ဂျပန်အနောက်ပိုင်းမှာ ပြေးဆွဲနေတဲ့ ရှကျည်ဆန်ရထားလိုင်း ဝန်ဆောင်မှု လုပ်ငန်းတွေလည်း ဂယက်ရိုက်ခဲ့ပါတယ်။ အိုဆာကာ ခရိုင်က ရှင်းအိုဆာကာ ဘူတာနဲ့ ဖူကုအိုက ခရိုင်က ခိုခုရာဘူတာကို ပြေးဆွဲနေတဲ့ စန်းယော ကျည်ဆန်ရထား ပြေးဆွဲမှုတွေကိုလည်း သြဂုတ်လ ၁၅ ရက်နေ့ တစ်နေ့လုံး ရပ်ဆိုင်းထားပါတယ်။