မီးအား အတက္အက်မမွန္တဲ့အျပင္ မီတာခေစ်းတက္တာေၾကာင့္ ေရနံခ်က္သူေတြခက္ခဲေန

0
35

ဗန္နာသုံးေရနံခ်က္ဖိုေတြ လွ်ပ္စစ္မီးအား အတက္အက်မမွန္တ႔ဲအျပင္ မီတာေဈးတက္တာေၾကာင့္ အခက္အခဲေတြ ျဖစ္ေနတယ္လို႔ ေရနံခ်က္သူေတြက ေျပာပါတယ္။ ဒီသတင္းကို MCN မုံရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး ေသာ္တာတိုးက တင္ဆက္ေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံရြာၿမိဳ႕၊ ေက်ာကၠာေက်းရြာရွိ လိုင္စင္ရ ေရနံခ်က္ဖိုေပါင္း ၁၃၃ ရံုရွိေနၿပီး၊ ဗန္နာသုံးေရနံခ်က္ဖိုေတြက လွ်ပ္စစ္မီးအားကို အဓိက အသုံးျပဳေနရတာေၾကာင့္ အခုလက္ရွိအခ်ိန္မွာ လွ်ပ္စစ္မီအား အတက္အက်မမွန္တဲ႔အျပင္ မီတာခေဈးႏႈန္း ထက္ဝက္ေက်ာ္ျမင့္တက္လာတဲ႔အတြက္ အခက္အခဲေတြ ျဖစ္ေနတယ္လို႔ ေရနံခ်က္သူေတြက ေျပာပါတယ္။

လွ်ပ္စစ္မီးအား အတက္အက် မမွန္တဲ႔အတြက္ မီးအားအျပည့္ျဖစ္ခ်ိန္ကို ေစာင့္ၿပီး ခ်က္လုပ္ေနရတာေၾကာင့္ ေရနံခ်က္လုပ္ရခ်ိ္န္ နည္းလာေနသလို အခ်ိဳ႕ ေရနံခ်က္သူေတြက ကိုယ္ပိုင္မီးစက္ေတြနဲ႔ ခ်က္လုပ္လာၾကတာေတြလည္း ရွိေနတာ ျဖစ္ပါတယ္။

Soundbite   ဦးေက်ာ္ဦး (ေရႊစင္စက္သံုးဆီေရာင္း၀ယ္ေရး) ေက်ာကၠာေျမာက္ရြာ၊ မံုရြာၿမိဳ႕နယ္

ဗန္နာသုံးေရနံခ်က္ဖိုေတြအေနနဲ႔ ဗန္နာသုံးစရိတ္တစ္ဝက္တိတိကို ေနာ္ေဝႏိုင္ငံက  ကူညီေပးထားတာ ျဖစ္ၿပီး၊ ထင္းမီးနဲ႔ မသုံးစြဲဖို႔ ဝန္ခံကတိျပဳထားရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ အခုလက္ရွိမွာ လွ်ပ္စစ္မီတာခေဈးႏႈန္းျမင့္တက္လာတာေၾကာင့္ လွ်ပ္စစ္မီးအားသုံး ဗန္နာအစား ကိုယ္ပိုင္မီးစက္ေတြနဲ႔ အစားထိုးအသုံးျပဳသြားဖို႔ရွိတယ္လို႔ ေရနြခ်က္သူေတြက ေျပာပါတယ္။

Soundbite ဦးၾကည္ပို (Petrol-9 စက္သံုးဆီေရာင္း၀ယ္ေရးမန္ေနဂ်ာ) ေက်ာကၠာေျမာက္ရြာ၊ မံုရြာၿမိဳ႕နယ္မုံရြာၿမိဳ႕၊ ေက်ာကၠာေက်းရြာရွိ ေရနံေဈးကြက္အတြင္းမွာ လိုင္စင္ရ ေရနံခ်က္ဖိုေပါင္း ၁၃၃ ရံုရွိေနၿပီး လိုင္မဲ႔ ေရနံခ်က္ဖိုေတြလည္းရွိေနတာေၾကာင့္ ခ်က္လုပ္ၿပီး ေရနံေဈးႏႈန္းကို လိုင္စင္ရရွိသူေတြထက္ ေလွ်ာ့ခ်ေရာင္းခ်ေနလို႔ အခ်ိဳ႕ လိုင္စင္ရ ေရနံခ်က္ဖိုေတြက ျမင့္တက္လာတဲ႔ လွ်ပ္စစ္မီတာခနဲ႔ ေဈးကြက္မရရွိတဲ႔အတြက္ ရပ္နားထားရတာလည္း ရွိေနတယ္လို႔ ေရနံခ်က္သူေတြက ေျပာပါတယ္ခင္ဗ်ာ။

ဗန်နာသုံးရေနံချက်ဖိုတွေ လျှပ်စစ်မီးအား အတက်အကျမမှန်တဲ့အပြင် မီတာဈေးတက်တာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ ရေနံချက်သူတွေက ပြောပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး သော်တာတိုးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာကျေးရွာရှိ လိုင်စင်ရ ရေနံချက်ဖိုပေါင်း ၁၃၃ ရုံရှိနေပြီး၊ ဗန်နာသုံးရေနံချက်ဖိုတွေက လျှပ်စစ်မီးအားကို အဓိက အသုံးပြုနေရတာကြောင့် အခုလက်ရှိအချိန်မှာ လျှပ်စစ်မီအား အတက်အကျမမှန်တဲ့အပြင် မီတာခဈေးနှုန်း ထက်ဝက်ကျော်မြင့်တက်လာတဲ့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ရေနံချက်သူတွေက ပြောပါတယ်။

လျှပ်စစ်မီးအား အတက်အကျ မမှန်တဲ့အတွက် မီးအားအပြည့်ဖြစ်ချိန်ကို စောင့်ပြီး ချက်လုပ်နေရတာကြောင့် ရေနံချက်လုပ်ရချိ်န် နည်းလာနေသလို အချို့ ရေနံချက်သူတွေက ကိုယ်ပိုင်မီးစက်တွေနဲ့ ချက်လုပ်လာကြတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

Soundbite ဦးကျော်ဦး (ရွှေစင်စက်သုံးဆီရောင်းဝယ်ရေး) ကျောက္ကာမြောက်ရွာ၊ မုံရွာမြို့နယ်

ဗန်နာသုံးရေနံချက်ဖိုတွေအနေနဲ့ ဗန်နာသုံးစရိတ်တစ်ဝက်တိတိကို နော်ဝေနိုင်ငံက ကူညီပေးထားတာ ဖြစ်ပြီး၊ ထင်းမီးနဲ့ မသုံးစွဲဖို့ ဝန်ခံကတိပြုထားရတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလက်ရှိမှာ လျှပ်စစ်မီတာခဈေးနှုန်းမြင့်တက်လာတာကြောင့် လျှပ်စစ်မီးအားသုံး ဗန်နာအစား ကိုယ်ပိုင်မီးစက်တွေနဲ့ အစားထိုးအသုံးပြုသွားဖို့ရှိတယ်လို့ ရေနွချက်သူတွေက ပြောပါတယ်။

Soundbite ဦးကြည်ပို (Petrol-9 စက်သုံးဆီရောင်းဝယ်ရေးမန်နေဂျာ) ကျောက္ကာမြောက်ရွာ၊ မုံရွာမြို့နယ်

မုံရွာမြို့၊ ကျောက္ကာကျေးရွာရှိ ရေနံဈေးကွက်အတွင်းမှာ လိုင်စင်ရ ရေနံချက်ဖိုပေါင်း ၁၃၃ ရုံရှိနေပြီး လိုင်မဲ့ ရေနံချက်ဖိုတွေလည်းရှိနေတာကြောင့် ချက်လုပ်ပြီး ရေနံဈေးနှုန်းကို လိုင်စင်ရရှိသူတွေထက် လျှော့ချရောင်းချနေလို့ အချို့ လိုင်စင်ရ ရေနံချက်ဖိုတွေက မြင့်တက်လာတဲ့ လျှပ်စစ်မီတာခနဲ့ ဈေးကွက်မရရှိတဲ့အတွက် ရပ်နားထားရတာလည်း ရှိနေတယ်လို့ ရေနံချက်သူတွေက ပြောပါတယ်ခင်ဗျာ။