မီးရထားလမ္း ျဖတ္သန္းတဲ့ ကားလမ္းေတြ ပ်က္စီးမႈ ၂၀၁၉ – ၂၀၂၀ ဘ႑ာႏွစ္မွာ ေဆာင္ရြက္မယ္

0
36

ရန္ကုန္တိုင္းေဒသႀကီးအတြင္း မီးရထားသံလမ္းေတြကို ျဖတ္သန္းတဲ့ ကားလမ္းေတြ ပ်က္စီးယိုယြင္းမႈ ျပင္ဆင္ျခင္း လုပ္ငန္းေဆာင္႐ြက္ဖို႔ ၂၀၁၉ – ၂၀၂၀ ဘ႑ာေရးႏွစ္မွာ ဘ႑ာေငြ တင္ျပေတာင္းခံထားၿပီး ျဖစ္တဲ့အတြက္ ၂၀၁၉ – ၂၀၂၀ အတြင္း ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္း ဆက္သြယ္ေရး ဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာပါတယ္။

ေအာက္တိုဘာလ ၇ ရက္ေန႔က ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဇင္မင္းေထြးက မီးရထား သံလမ္းေတြကို ျဖတ္သန္းသြားလာတဲ့ လမ္းေတြ ပ်က္စီး ယိုယြင္းေနၿပီး ျဖတ္သန္းသြားလာေနတဲ့  အနိမ့္ကားေတြမွာ အႏၲရာယ္ရွိႏိုင္တဲ့အတြက္ စဥ္ဆက္မျပတ္ ျပင္ဆင္မႈ ျပဳလုပ္ေပးဖုိ႔ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းခဲ့တဲ့အေပၚ ဝန္ႀကီး ေဒၚနီလာေက်ာ္က ေျဖၾကားခဲ့တာပါ။

Level Crossing ျဖစ္တဲ့အတြက္ မီးရထားသံလမ္းနဲ႔ ကားလမ္းေတြ ျဖတ္တဲ့ေနရာေတြမွာ ျပင္ဆင္ဖို႔ နည္းပညာ လိုအပ္ေၾကာင္းနဲ႔ မီးရထား ျဖတ္သန္းသြားတဲ့အခါ တုန္ခါမႈရွိတဲ့အတြက္ ပါဝါပြိဳင့္မွာ ျပထားတဲ့ ျပင္ဆင္ျခင္းက  ယာယီျပင္ျခင္းသာ ျဖစ္ေၾကာင္း တိုင္းဝန္ႀကီး ေဒၚနီလာေက်ာ္က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

မီးရထားလမ်း ဖြတ်သန်းတဲ့ ကားလမ်းတွေ ပျက်စီးမှု ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်မယ်


ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးရထားသံလမ်းတွေကို ဖြတ်သန်းတဲ့ ကားလမ်းတွေ ပျက်စီးယိုယွင်းမှု ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ဖို့ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဘဏ္ဍာငွေ တင်ပြတောင်းခံထားပြီး ဖြစ်တဲ့အတွက် ၂၀၁၉ – ၂၀၂၀ အတွင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။


အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက မီးရထား သံလမ်းတွေကို ဖြတ်သန်းသွားလာတဲ့ လမ်းတွေ ပျက်စီး ယိုယွင်းနေပြီး ဖြတ်သန်းသွားလာနေတဲ့ အနိမ့်ကားတွေမှာ အန္တရာယ်ရှိနိုင်တဲ့အတွက် စဉ်ဆက်မပြတ် ပြင်ဆင်မှု ပြုလုပ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တဲ့အပေါ် ဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားခဲ့တာပါ။


Level Crossing ဖြစ်တဲ့အတွက် မီးရထားသံလမ်းနဲ့ ကားလမ်းတွေ ဖြတ်တဲ့နေရာတွေမှာ ပြင်ဆင်ဖို့ နည်းပညာ လိုအပ်ကြောင်းနဲ့ မီးရထား ဖြတ်သန်းသွားတဲ့အခါ တုန်ခါမှုရှိတဲ့အတွက် ပါဝါပွိုင့်မှာ ပြထားတဲ့ ပြင်ဆင်ခြင်းက ယာယီပြင်ခြင်းသာ ဖြစ်ကြောင်း တိုင်းဝန်ကြီး ဒေါ်နီလာကျော်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။