
0
32




မီးခိုးငွေ့တွေကြောင့် အင်ဒိုနီးရှား နဲ့ မလေးရှားနိုင်ငံကြား အငြင်းပွားမှုတွေဖြစ်နေ

နယ်စပ်ဖြတ်ကျော်ပြီး မီးခိုးငွေ့တွေ ပျံနှံနေမှုနဲ့ပတ်သက်လို့ အင်ဒိုနီးရှား အစိုးရ အာဏာပိုင်တွေဆီ မလေးရှား ဝန်ကြီးချုပ်စာရေးတောင်းဆိုသွားမယ်လို့ မလေးရှား သဘာဝပတ်ဝန်းကျင် ဝန်ကြီးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း နဲ့ ဘော်နီရိုတို့ကျွန်းတို့မှာ တစ်လကျော်ကြာတောမီးလောင်ပြီး အဲမီးခိုးငွေ့တွေ ဟာ မလေးရှားနိုင်ငံကို ရောက်ရှိကာ မလေးရှားမှာ လေထုညစ်ညမ်းမှုတွေဖြစ်နေရပါတယ်။ တောမီးငြိမ်းသတ်နိုင်ဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေ ဟာ လုံခြုံရေးတပ်ဖွဲ့ အများအပြား စေလွတ်ထားတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဆီအုန်းပင်စိုက်ပျိုးရေး နဲ့ အခြားအပင်များစိုက်ပျိုးဖို့ တောမီးရှို့တာတွေရှိနေပြီး တောမီး ခိုးငွေ့တွေက နယ်စပ်ဖြတ်ကျော်ပြီး မလေးရှားနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ မလေးရှားနိုင်ငံ ကောင်းကင်မှာ မီးခိုးငွေ့တွေ နဲ့အုပ်ဆိုင်းနေတဲ့အတွက် ကျန်းမာရေးအတွက်စိုးရိမ်နေပြီး စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။