
0
60




မီတာခ တိုးမြှင့်ပြီး နောက်တစ်ပတ်မှာ လျှပ်စစ်သုံးစွဲမှု ယူနစ် ၅ ဒသမ ၃ သန်း လျော့နည်းခဲ့


လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံပြီး နောက်တစ်ပတ်အတွင်း လျှပ်စစ်သုံးစွဲမှုဟာ အရင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ရင် တစ်ရက်ကို ပျမ်းမျှယူနစ် ၅ ဒသမ ၃ သန်း လျော့နည်းခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ စာရင်းတွေက ဖော်ပြနေပါတယ်။


မီတာခတွေ မြင့်တက်ခဲ့တဲ့ ဇူလိုင်လ ၁ ရက်က စတင်ပြီး နိုင်ငံတစ်ဝန်း ဓာတ်အားသုံးစွဲမှု တစ်ရက်လျှင် ပျမ်းမျှ လျှပ်စစ် ယူနစ်ပေါင်း ၆၂ သန်းခန့်ရှိပြီး အရင် သီတင်းပတ်ထက် ၅ ဒသမ ၃ သန်း လျော့နည်းခဲ့တာပါ။


လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံတဲ့ အပေါ်မှာ သဘောမတူကြောင်း မြို့ကြီးတချို့မှာ ဆန္ဒထုတ်ဖော်မှုတွေလည်း ရှိနေတာပါ။