
0
36

ဗန်းမော်မြို့နယ် မြလယ်ကျေးရွာမှာ ဒေသခံတွေရဲ့ မိရိုးဖလာ လုပ်ကိုင်နေတဲ့နေရာမှာ တစ်သျှူး ငှက်ပျောဝင်ရောက် စိုက်ပျိုး ဒေတဲ့အတွက် ဒေသခံတွေ အခက်အခဲ ဖြစ်နေပါတယ်။ ဒီသတင်းကို MCN မန္တလေး သတင်းထောက် ဥာဏ်လင်းထူးကပေးပို့ထားပါတယ်။






မိရိုးဖလာ လုပ်ကိုင်တဲ့နေရာမှာ တစ်သျှူးငှက်ပျော ဝင်ရောက် စိုက်ပျိုးနေ


ဗန်မော်မြို့နယ် မြလယ်ကျေးရွာမှာ ဒေသခံတွေရဲ့ မိရိုးဖလာ လုပ်ကိုင်နေတဲ့နေရာမှာ တစ်သျှူး ငှက်ပျော် ဝင်ရောက် စိုက်ပျိုး ဒေတဲ့အတွက် ဒေသခံတွေ အခက်အခဲ ဖြစ်နေပါတယ်။ -ဒီသတင်းကို MCN မန္တလေး သတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။


ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအုပ်စု၊ မြလယ်ကျေးရွာမှာ ဒေသခံတွေ ဓားမဦးချ လုပ်ကိုင်နေတဲ့မြေတွေပေါ်မှာ တစ်သျှုး ငှက်ပျောတွေ စိုက်ပျိုးမှုတွေရှိနေတာဖြစ်ပါတယ်။


ဒေသခံတွေ စိုက်ပျိုးတဲ့မြေတွေကို မြေလွတ်မြေရိုင်းအဖြစ် လျှောက်ထားခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေက အခုလို ဝင်ရောက် စိုက်ပျိုးနေတာလည်း ဖြစ်ပါတယ်။ ဦးစီးဆောင်ရွက်ပြုလုပ်သူ ဦးလဒွဲ ကပြောသည်။


အဲ့ဒီ မြေနေရာတွေကို ဘိုးဘွားစဉ်ဆက် ထွန်းယက်စိုက်က်ပျိုးလာခဲ့ရာမှာ ၂၀၁၈ ခုနှစ်မှာ စင်းခန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်တင် အဖွဲ့ကနေ ၂၀၁၂ လယ်ယာမြေဥပဒေအရ မြေလွတ်မြေရိုင်းလျာက်ထားပြီး သာယာဝပြော အမည်ရှိ ကုမ္ပဏီကို ဌားရမ်းလိုက်တာလည်းဖြစ်ပါတယ်။


အဲ့ဒီ လျှောက်ထားခဲ့ရာမှာလည်း ဥပဒေနဲ့ အညီ တရားဝင် ထုတ်ပြန်တာမျိုးမရှိခဲ့တဲ့အပြင် ညှိနှိုင်းမှုတွေလည်း ပြုလုပ်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ နေရာက မြေယာတွေမှာ ပိုင်ဆိုင်ခွင့်အထောက်အထား မရှိပဲ ဓားမဦးချအဖြစ်သာ ပိုင်ဆိုင်မှု ကို နားလည်မှုတွေနဲ့ အတည်ပြုကြတာလည်း ဖြစ်ပါတယ်ခင်ဗျာ။