
0
47




မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြောက်ဦးမြို့ ​နေရာတချို့​မှာ ရေကြီးနစ်မြုပ်


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာတချို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတာပါ။


ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရမ်းချောင်း တောင်ကျရေကြောင့် ချောင်းတစ်လျှောက်ရှိ ကျေးရွာတွေဖြစ်တဲ့ ကျီရာပြင်၊ ပေါက်ပင်ကွင်း၊ အိုးထိမ်းရွာနဲ့ ပြိုင်းချကျေးရွာတွေလည်း ရေနစ်မြုပ်မှုတွေနဲ့ ကြုံ့တွေ့နေရတာ ဖြစ်ပါတယ်။


လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းမှာ မြစ်ရေ မြင့်တက်မှုကြောင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ ရှိတဲ့ မြို့နယ် ၁၃ မြို့နယ်မှာလည်း ရေဘေးကြုံတွေ့နေရတာ ဖြစ်ပါတယ်။