မိုဘိုင်းဖုန်း သုံးစွဲ၊ရောင်းချခြင်းနဲ့ ဆိုင်တဲ့ အခွန်ဆိုင်ရာပညာပေးဟောပြောပွဲ ကျင်းပ

0
111


ပြည်တွင်းမှာ မိုဘိုင်းဖုန်း သုံးစွဲသူတွေ၊ ရောင်းချသူတွေနဲ့ ပြည်တွင်းအခွန်ဦးစီးဌာနအကြား အခွန်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်အောင် မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းက အခွန်ဆိုင်ရာ ပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။






မိုဘိုင်းဖုန်း သုံးစွဲသူတွေ၊ ရောင်းချသူတွေနဲ့ ပြည်တွင်းအခွန်ဦးစီးဌာနအကြား အခွန်ဆိုင်ရာ ပညာပေးဟောပြောပွဲကို မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

ပြည်တွင်းမှာ မိုဘိုင်းဖုန်း သုံးစွဲသူတွေ၊ ရောင်းချသူတွေနဲ့ ပြည်တွင်းအခွန်ဦးစီးဌာနအကြား အခွန်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်အောင် မြန်မာနိ်ုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းက အခွန်ဆိုင်ရာ ပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က မုံရွာမြို့နယ်ခန်းမမှာ မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းက အခွန်ဆိုင်ရာ ပညာပေးဟောပြောပွဲနဲ့ ပထမအကြိမ် အသင်းသားစုံညီပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဦးနေလင်းအောင် (ဥက္ကဋ္ဌ) စစ်ကိုင်းတိုင်းဒေသကြီး၊ မိုဘိုင်းလုပ်ငန်းရှင်များအသင်း

ပြည်တွင်းအခွန်က မိုဘိုင်းဖုန်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းဝယ်ယူရင် အခွန်ကောက်ခံမယ်လို့ ကြေညာပြီးနောက်ပိုင်း ဇွန်လက အခွန်ကောက်ခံရာမှာ မအောင်မြင်ခဲ့ပေမယ့် မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းက ပူးပေါင်းဆောင်ရွက်ပေးမှုကြောင့် ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာတော့ မိုဘိုင်းဖုန်းကနေ အခွန်ကောက်ခံရရှိမှုပေါင်း ကျပ် ၃ သိန်းကျော်ရရှိပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

Soundbite ဦးမျိုးမင်းအောင် (ဥက္ကဋ္ဌ) မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်း

မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်း MMIA ကို ဖွဲ့စည်းခဲ့တာ သက်တမ်း ၅ လသာရှိပေမယ့် မိုဘိုင်းဖုန်း သုံးစွဲသူတွေ၊ ရောင်းချသူတွေနဲ့ ပြည်တွင်းအခွန်ဦးစီးဌာနအကြား အခွန်ကိစ္စနဲ့ ပတ်သက်တဲ့ ဟောပြောပွဲကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၀ ခုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။