မိုင္းရွင္းလင္းေရး ေလ့က်င့္ေနစဥ္ မေတာ္တဆ မိုင္းတက္နင္းမိလို႔ ရဲတပ္ဖြဲ႔၀င္ ၁၁ ဦးဒဏ္ရာရ

0
215

မႏၱေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕႐ံုးမွာ မိုင္းရွင္းလင္းေရးေလ့က်င့္ေနစဥ္ မေတာ္တဆတက္နင္းမိရာ ပလပ္စတစ္နင္း မိုင္းေပါက္ကြဲၿပီး ရဲတပ္ဖြဲ႔၀င္ ၁၁ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔က ဒီကေန႔ ေန႔လည္ပိုင္းက သတင္းထုတ္ျပန္လိုက္ပါတယ္။

ေမလ ၂၁ ရက္ မနက္ပိုင္း ၉ နာရီ ၂၅ မိနစ္အခ်ိန္က မႏၱေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔႐ံုးမွာ မိုင္းရွာေဖြရွင္း လင္းျခင္း(ဆင့္ပြား) သင္တန္းအမွတ္စဥ္(၁/၂၀၁၉)ရဲ႕ သင္တန္းေဆာင္ေရွ႕ ေလ့က်င့္ေရးကြင္းမွာ ရဲတပ္ဖြဲ႔၀င္ သင္တန္းသား ၅၀ ဦးကို လက္ေတြ႔သရုပ္ျပ သင္ၾကားေနစဥ္ ရဲတပ္ဖြဲ႔၀င္ တစ္ဦးက ပလပ္စတစ္နင္းမိုင္းေပၚကို မေတာ္တဆ တက္နင္းမိရာ ေပါက္ကြဲမႈျဖစ္ပြားခဲ့တာပါ။

ေပါက္ကြဲမႈေၾကာင့္ မိုင္းကို မေတာ္တဆ တက္နင္းမိခဲ့တဲ့ ရဲတပ္သား ဝဲေျခက်င္း ဝတ္ျပတ္ဒဏ္ရာ (မစိုးရိမ္ရ)ရရွိကာ မႏၲေလးျပည္သူ႔ ေဆး႐ုံႀကီးကို ပို႔ေဆာင္ကုသခဲ့တယ္လို႔  ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔က ထုတ္ျပန္လိုက္ပါတယ္။

မိုင်းရှင်းလင်းရေး လေ့ကျင့်နေစဉ် မတော်တဆ မိုင်းတက်နင်းမိလို့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးဒဏ်ရာရ


မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှာ မိုင်းရှင်းလင်းရေးလေ့ကျင့်နေစဉ် မတော်တဆတက်နင်းမိရာ ပလပ်စတစ်နင်း မိုင်းပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒီကနေ့ နေ့လည်ပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။


မေလ ၂၁ ရက် မနက်ပိုင်း ၉ နာရီ ၂၅ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှာ မိုင်းရှာဖွေရှင်း လင်းခြင်း(ဆင့်ပွား) သင်တန်းအမှတ်စဉ်(၁/၂၀၁၉)ရဲ့ သင်တန်းဆောင်ရှေ့ လေ့ကျင့်ရေးကွင်းမှာ ရဲတပ်ဖွဲ့ဝင် သင်တန်းသား ၅၀ ဦးကို လက်တွေ့သရုပ်ပြ သင်ကြားနေစဉ် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပလပ်စတစ်နင်းမိုင်းပေါ်ကို မတော်တဆ တက်နင်းမိရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။


ပေါက်ကွဲမှုကြောင့် မိုင်းကို မတော်တဆ တက်နင်းမိခဲ့တဲ့ ရဲတပ်သား ဝဲခြေကျင်း ဝတ်ပြတ်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိကာ မန္တလေးပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။