မိုင္းပ်ဥ္းၿမိဳ႕နယ္မွာ ေငြက်ပ္ ၁၉ ဘီလီယံေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆး၀ါးေတြ ဖမ္းမိ

0
140

ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ မုိင္းပ်ဥ္းၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနတဲ့ တပ္ဖြဲ႔၀င္ေတြဟာ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ  က်ဳိင္းတံု-ေတာင္ႀကီးသြား ကားလမ္း၊ ၁၆ မုိင္လမ္းဆံုအနီးမွာ ေစာင့္ဆုိင္းစစ္ေဆးစဥ္ ေငြက်ပ္ ၁၉ ဘီလီေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိခဲ့ပါတယ္။ 

အဲဒီေန႔ ညေန ၄ နာရီခန္႔မွာ အေနာက္ေျမာက္ဘက္ မီတာ ၃ဝဝဝ ခန္႔ အကြာရွိ ခမ္းႏု (၁) ေက်းရြာဘက္မွ လီဟား ေမာင္းႏွင္လာတဲ့ Revo အမ်ဳိးအစားယာဥ္ကို ရပ္တန္႔စစ္ေဆးရာ ယာဥ္ေပၚရွိ ေက်ာပိုးအိတ္ ၃၈ လံုးအတြင္းက အုိက္စ္ ၇၆၂ ကီလုိဂရမ္ခန္႔ (ခန္႔မွန္း တန္ဖုိးေငြက်ပ္ ၁၉ ဘီလီယံေက်ာ္) နဲ႔အတူ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္ ။

အဲဒီ ေမာ္ေတာ္ယာဥ္၊ မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းဆီးရမိသူ လီဟားကုိ တရားဥပေဒအရ အေရးယူ ေဆာင္ရြက္ႏုိင္ေရး မုိင္းပ်ဥ္းၿမိဳ႕နယ္ရဲစခန္းကုိ  စနစ္တက် လႊဲေျပာင္းအပ္ႏွံခဲ့ပါတယ္။

မိုင်းပျဉ်းမြို့နယ်မှာ ငွေကျပ် ၁၉ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ ၂၅ ရက်နေ့မှာ ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်း၊ ၁၆ မိုင်လမ်းဆုံအနီးမှာ စောင့်ဆိုင်းစစ်ဆေးစဉ် ငွေကျပ် ၁၉ ဘီလီကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနေ့ ညနေ ၄ နာရီခန့်မှာ အနောက်မြောက်ဘက် မီတာ ၃ဝဝဝ ခန့် အကွာရှိ ခမ်းနု (၁) ကျေးရွာဘက်မှ လီဟား မောင်းနှင်လာတဲ့ Revo အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ရှိ ကျောပိုးအိတ် ၃၈ လုံးအတွင်းက အိုက်စ် ၇၆၂ ကီလိုဂရမ်ခန့် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉ ဘီလီယံကျော်) နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူ လီဟားကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး မိုင်းပျဉ်းမြို့နယ်ရဲစခန်းကို စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။