
0
863





>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိန်းမကိုပန်းအိုးနဲ ့ပေါက်လို ့ဟံသာဝတီတိုင်း ဂျာနယ်ထုတ်ဝေသူ ပေါက်ပြားနဲ့ အခုတ်ခံရ

ဟံသာဝတီတိုင်းမ်ဂျာနယ်ထုတ်ဝေသူ ကိုသန့်ဇင်ဟာ ဒီကနေ့ မနက်၁၁နာရီ ခွဲကျော်ကျော်မှာ နေအိမ်ခြံဝန်းအတွင်းမှာ ပေါက်ပြားနဲ့ အခုတ်ခံရပီး ရန်ကုန်ဆေးရုံကြီးကို တင်ပို့ခဲ့ရတယ်လို ပဲခူးတိုင်းဒေသကြီး ခရိုင်ရဲမှူး စိန်မင်းက MCN ကိုပြောပါတယ် ။

နေအိမ်ခြံဝန်းအတွင်းမှာ ပန်းရံလုပ်နေတုန်း တစ်ယောက်နဲ့တစ်ယောက် စကားများရန်ဖြစ်ခဲ့ပြီး ယောက်ကျားဖြစ်သူက သူ့အမျိုးသမီးကို ပန်းအိုးနဲ ့ပစ်ပေါက်ခဲ့တဲ့အတွက် မိန်းမဖြစ်သူရဲ့ မောင်က မကျေနပ်တဲ့အတွက် ပေါက်ပြားနဲ့ ခုတ်ခဲ့တာလို ့ခရိုင်မှူးကပြောပါတယ်။

လက်ရှိမှာ ကိုသန့်ဇင်အနေနဲ့ ပေါက်ပြား အခုတ်ခံရတဲ့ဒဏ်ရာကြောင့် နောက်စေ့၊ မျက်နာနဲ ့မေးစေ့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး ပဲခူးဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို ဒီကနေ့ မွန်းလွဲပိုင်းမှာ လွှဲပြောင်းဆေးကုသနေပါတယ် ။

လက်ရှိမှာ ဒီအမှုနဲ ့ပက်သက်လို ့ဦးသန် ့စင်ရဲ့မိသားစုတွေ ရဲစခန်းမှာ ရှိနေပီးအမှုတော့မဖွင့်ရသေးဘူးလို့ ရဲမှူးကပြောပါတယ် ။