မအူပင် တံတားအောက်မှာ အ၀တ်မပါပဲ သေဆုံးနေတဲ့ အမျိုးသမီးအလောင်းတွေ့ရှိ

0
304

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ တံတားအောက်မှာ အ၀တ်မပါပဲ သေဆုံးနေတဲ့ အမျိုးသမီးအလောင်း တစ်ခုကို ဇန်န၀ါရီလ (၃၁) ရက်နေ့က  တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက MCN သတင်း ဌာနကို ပြောပါတယ်။

အဲဒီ အမျိုးသမီးရဲ့ ရုပ်အလောင်းကို  အူပင်တံတား တိုင်အမှတ် (၆) မှာ တွေ့ရှိတာဖြစ်ပြီး နဖူး ပေါက်ပြဲဒဏ်ရာ၊လက်ကျိုးဒဏ်ရာတွေကို ကနဦး စစ်ဆေးတွေ့ရတယ်လို့လည်း စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ ရဲအရာတွေက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ နာမည်နဲ့ နေရပ်လိပ်စာကို စုံစမ်းနေဆဲ ဖြစ်ပြီး ခန့်မှန်း အသက် (၄၀) ၀န်းကျင် ရှိနိုင်မယ်လို့လည်း မအူပင် မြို့မ ရဲစခန်းက ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ မအူပင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။