
0
60




မဟာမိတ် တောင်သူလယ်သမားပါတီကို ဖျက်သိမ်း


မဟာမိတ် တောင်သူလယ်သမားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကို ပယ်ဖျက်ပြီး ပါတီကို ဖျက်သိမ်းလိုက်ပါတယ်။
မဟာမိတ် တောင်သူလယ်သမားပါတီကို ၂၀၁၅ ခုနှစ်တုန်းက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

မဟာမိတ် တောင်သူလယ်သမားပါတီကို ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခြောက်လကြာ ယာယီရပ်ဆိုင်းပြီး ပါတီတွင်း ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားခဲ့ပါတယ်။


ဒါပေမယ့် သတ်မှတ်ကာလ ကုန်ဆုံးတဲ့အထိ ပါတီတွင်း ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိတာ၊ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းနဲ့အညီ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ရွေးချယ်တင်မြှောက်တာကို ကော်မရှင်က ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တာတွေကြောင့် အခုလို ပါတီ ဖျက်သိမ်းတာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။