မလတ္ေတာင္ ေျမၿပိဳက်မႈ ေသဆံုးသူ ၆၀ အထိရွိလာ

0
49

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်းရြာအနီး မလတ္ေတာင္ ေျမၿပိဳက်မႈမွာ ဒီကေန႔ ၾသဂုတ္လ ၁၃ ရက္ မနက္ပိုင္းအထိ ေသဆုံးသူ ၆၀ ေက်ာ္ ရွိၿပီလို႔  ျမန္မာႏိုင္ငံမီးသတ္ တပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

မိုးသည္းစြာ ဆက္တိုက္ရြာသြန္းၿပီးေနာက္ ၾသဂုတ္လ ၉ ရက္ေန႔ မနက္ပိုင္းက ေတာင္ေျမၿပိဳက်မႈေၾကာင့္ မိနစ္ပိုင္းအတြင္း လူေျခအိမ္ေျခ အေဆာက္အအုံေတြ ေျမေအာက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ အင္အား ရာခ်ီတဲ့ ကယ္ဆယ္ေရး အဖြဲ႔ေတြက ေတာင္ေျမၿပိဳက်ၿပီး ရွာေဖြကယ္ဆယ္ေရးေတြကို ဆက္တိုက္ လုပ္ေနၾကတာ ျဖစ္ပါတယ္။

ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက မြန္ျပည္နယ္မွာ ဒီလို ေျမၿပိဳက်မႈေတြ ဆက္မျဖစ္ဖို႔ ပညာရွင္အဖြဲ႔တစ္ဖြဲ႔ကို ေစလႊတ္ေပးမယ္လို႔ ေျပာဆိုထားပါတယ္။

မလတ်တောင် မြေပြိုကျမှု သေဆုံးသူ ၆၀ အထိရှိလာ


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအနီး မလတ်တောင် မြေပြိုကျမှုမှာ ဒီကနေ့ သြဂုတ်လ ၁၃ ရက် မနက်ပိုင်းအထိ သေဆုံးသူ ၆၀ ကျော် ရှိပြီလို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


မိုးသည်းစွာ ဆက်တိုက်ရွာသွန်းပြီးနောက် သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းက တောင်မြေပြိုကျမှုကြောင့် မိနစ်ပိုင်းအတွင်း လူခြေအိမ်ခြေ အဆောက်အအုံတွေ မြေအောက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အင်အား ရာချီတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက တောင်မြေပြိုကျပြီး ရှာဖွေကယ်ဆယ်ရေးတွေကို ဆက်တိုက် လုပ်နေကြတာ ဖြစ်ပါတယ်။


ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မွန်ပြည်နယ်မှာ ဒီလို မြေပြိုကျမှုတွေ ဆက်မဖြစ်ဖို့ ပညာရှင်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပေးမယ်လို့ ပြောဆိုထားပါတယ်။