
0
177




မန်းတိုင်းရင်းဆေးဝါ စက်ရုံ အဆင့်မြှင့်တင်ရေး နှစ်နှစ်အတွင်းမပြီးစီးပါက အလုပ်ကထွက်မယ်


မန္တလေးတိုင်းမြို့ တိုင်းရင်းဆေးဝါး စက်ရုံကို GMP (Good Manufacturing Practice) တိုင်းရင်းဆေးဝါးစက်ရုံ ဖြစ်လာစေဖို့ ဒေါ်လာ၃ဘီလီယံ ဘတ်ဂျတ်ပေးပါက နှစ်နှစ်အတွင်းမဖြစ်လာပါက အလုပ်က ထွက်မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ် ။


ဇွန်လ ၆ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မန္တလေးမြို့ သနပ်ပင်မဲဆန္ဒနယ်က ပြည်သူ့ လွှတ်ကိုယ်စားလှယ် ဦးမြင့်ဦးက မန္တလေးမြို့ ဆေးဝါးစက်ရုံ အဆောက်အဦ တပ်ဆင်ထားတဲ့ ပစ္စည်းတွေကို GMP အဆင့်သတ်မှတ်ထားတဲ့ အဆင့်ရှိမရှိနဲ့ စက်ရုံကြီး ပြီးစီးက တိုင်းရင်းဆေးကု ဌာနတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေ အလုံအလောက်ထုတ်ပေးနိုင်တဲ့ အခြေအနေ နဲ့ ပတ်သက်တဲ့ မေးခွန်းကို မေးမြန်းခဲ့ရာမှာ အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။


အဲဒါကြောင့် GMP စက်ရုံ မဖြစ်နိုင်တဲ့အတွက် GMP စကားလုံးကိုဖယ်ရှားပြီး တိုင်းရင်းဆေးဝါးစက်ရုံကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပိုက်ဆံရအောင်သာလုပ်ဆောင်နိုင်ပါက နှစ်နှစ်အတွင်း လုပ်ဆောင်ပေးမယ်လို့ အာမခံကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ် ။