မန္ယူအသင္းက စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ဒီဂီယာေစာင့္ေမွ်ာ္ေန

0
144

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂိုးသမားေဒးဗစ္ဒီဂီယာအေနနဲ႔ လက္ရွိအခ်ိန္မွာ အသင္းေျပာင္းေရႊ႕လုိတ့ဲဆႏၵမရွိဘဲ လက္ရွိအသင္းရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုသာ ေစာင့္ဆုိင္းေနေၾကာင္း အဂၤလန္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ ဒီဂီယာဟာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္အတြင္းကိုေရာက္ရွိေနၿပီျဖစ္ပါတယ္။ သူဟာ ယူႏုိက္တက္တာ၀န္ရိွသူေတြနဲ႔ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆုိဖို႔ တစ္ႀကိမ္ေဆြးေႏြးခဲ့ေသးေပမယ့္ ေအာင္ျမင္ခဲ့ျခင္းမရွိဘူးလို႔လည္း ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ ဒီဂီယာကိုေခၚယူဖို႔ PSG နဲ႔  ဂ်ဴဗင္တပ္အသင္းေတြက စိတ္၀င္စားေနေပမယ့္ ကာယကံရွင္ကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာသာ ဆက္လက္ကစားဖုိ႔ စိတ္အားထက္သန္ေနတယ္လို႔ ၿဗိတိန္အေျခစိုက္တယ္လီဂရပ္ဖ္သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

မန်ယူအသင်းက စာချုပ်သစ်ကမ်းလှမ်းမှုကို ဒီဂီယာစောင့်မျှော်နေ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဒေးဗစ်ဒီဂီယာအနေနဲ့ လက်ရှိအချိန်မှာ အသင်းပြောင်းရွှေ့လိုတဲ့ဆန္ဒမရှိဘဲ လက်ရှိအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိုသာ စောင့်ဆိုင်းနေကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်အတွင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ တစ်ကြိမ်ဆွေးနွေးခဲ့သေးပေမယ့် အောင်မြင်ခဲ့ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ ဒီဂီယာကိုခေါ်ယူဖို့ PSG နဲ့ ဂျူဗင်တပ်အသင်းတွေက စိတ်ဝင်စားနေပေမယ့် ကာယကံရှင်ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာသာ ဆက်လက်ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ ဗြိတိန်အခြေစိုက်တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြခဲ့ပါတယ်။