
0
252



………………. ။ ။ …………………

မတရားတဲ့ ကိစ္စတွေလုပ်ရင် တိုင်ကြားကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အစိုးရအဖွဲ့က ဖြစ်စေ၊ အုပ်ချုပ်ရေး ယန္တရားထဲက ဖြစ်တွေ အဂတိလိုက်စားမှု၊ မတရားမှုတွေ လုပ်ရင် ပြည်သူတွေအနေနဲ့ တိုင်ကြားနိုင်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုယ့်ဖာသာကိုယ် တိုင်ရမှာ ဖြစ်ကြောင်း၊ မတရားမှု လုပ်တာကို ကြည့်ပြီး ကြောက်လို့ မတိုင်ဘူးဆိုရင် မဟုတ်တာကို အားပေးရာ ရောက်မှာ ဖြစ်ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ကျင်းပတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

(၅) ကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေသခံတိုင်းရင်းသားတွေ ဖြစ်တဲ့ ကိုသျှားရယ်၊ မအော်လေးဗီးယာ၊ မအဲလစ်ထွန်း၊ မနှင်းနုဝေ၊ မမို့မို့ထင်ဇော်မွန်၊ ကိုစိုးရာဇာဝင်း၊ ကိုမာရီးယို၊ ဦးဖရားရယ်ရီးလိုတို့ ပါဝင် ဆွေးနွေးပါတယ်။