မဏိပူျပည္နယ္မွာ က်န္းမာေရးဆိုင္ရာ ခရီးသြားလုပ္ငန္းကို စိတ္ဝင္စားေၾကာင္း မေကြးတိုင္း ဝန္ႀကီးခ်ဳပ္ ေျပာ

0
134

အိႏၵိယႏိုင္ငံ၊ မဏိပူရျပည္နယ္၊ အင္ဖာၿမိဳ႕ကို ေရာက္ရွိေနတဲ့ မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳက မဏိပူျပည္နယ္မွာ က်န္းမာေရးဆိုင္ရာ ခရီးသြားလုပ္ငန္း (Health Tourism) ကို စိတ္ဝင္စားေၾကာင္း ေျပာပါတယ္။

မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳ ဦးေဆာင္ အဖြဲ႔ဝင္ ကိုးဦးပါ ျမန္မာကိုယ္စားလွယ္ အဖြဲ႔ဟာ ဇြန္လ ၁၀ ရက္ေန႔က ေဆးသိပၸံဆိုင္ရာ ေဒသတြင္း အင္စတီက်ဳ (RISM) နဲ႔ Sky ေဆး႐ံုတို႔ကို သြားေရာက္ ေလ့လာခဲ့ပါတယ္။ တိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳနဲ႔ အဖြဲ႔ဟာ RIMS ေဆး႐ံု ဌာနဆိုင္ရာ အႀကီးအကဲေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီးေနာက္ မဏိပူျပည္နယ္ က်န္းမာေရးႏွင့္ မိသားစု ဖူလံုေရး အတြင္းေရးမွဴး ဗူအယ္လ္နမ္နဲ႔ အတူ Sky ေဆး႐ံုကို သြားေရာက္ ေလ့လာခဲ့တာပါ။     

Sky ေဆး႐ံုလုပ္ငန္း အုပ္စု ဥကၠ႒ ေဒါက္တာ ရွာရမ္ကီး႐ိႈး ဆင္းက ျမန္မာကိုစားလွယ္ အဖြဲ႔ဟာ မဏိပူျပည္နယ္နဲ႔ Sky ဟိုတယ္ရဲ႕ ဝန္ေဆာင္မႈေတြကို ခ်ီးက်ဴးခဲ့ေၾကာင္း၊ Sky ဟိုတယ္ရဲ႕ အဆင့္ျမင့္ ေဆးကုသ ဝန္ေဆာင္မႈ၊ တျခားႏိုင္ငံေတြထက္ ေဆးကုသစရိတ္ ထက္ဝက္ သက္သာမႈ၊ ျမန္မာႏိုင္ငံမွာ ေၾကာ္ျငာမႈေတြ မလုပ္ရဘဲ ျမန္မာလူနာေတြ လာေရာက္ ေဆးကုသခံယူမႈေတြ ရွိတယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ေရာဂါရွာေဖြေရး၊ ႏွလံုးေရာဂါဆိုင္ရာ ကုသေရးေတြနဲ႔ ပတ္သက္လို႔ ေငြေၾကးတတ္ႏိုင္တဲ့ ျမန္မာမိသားစုေတြဟာ ေစ်းႀကီးျမင့္တဲ့ ထိုင္းနဲ႔ စင္ကာပူႏိုင္ငံက ေဆး႐ံုေတြမွာ သြားေရာက္ ေဆးကုသမႈ ခံယူေနၾကရေၾကာင္း တိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

မဏိပူပြည်နယ်မှာ ကျန်းမာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ပြော


အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ကို ရောက်ရှိနေတဲ့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက မဏိပူပြည်နယ်မှာ ကျန်းမာရေးဆိုင်ရာ ခရီးသွားလုပ်ငန်း (Health Tourism) ကို စိတ်ဝင်စားကြောင်း ပြောပါတယ်။


မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ဦးဆောင် အဖွဲ့ဝင် ကိုးဦးပါ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဇွန်လ ၁၀ ရက်နေ့က ဆေးသိပ္ပံဆိုင်ရာ ဒေသတွင်း အင်စတီကျု (RISM) နဲ့ Sky ဆေးရုံတို့ကို သွားရောက် လေ့လာခဲ့ပါတယ်။ တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနဲ့ အဖွဲ့ဟာ RIMS ဆေးရုံ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မဏိပူပြည်နယ် ကျန်းမာရေးနှင့် မိသားစု ဖူလုံရေး အတွင်းရေးမှူး ဗူအယ်လ်နမ်နဲ့ အတူ Sky ဆေးရုံကို သွားရောက် လေ့လာခဲ့တာပါ။


Sky ဆေးရုံလုပ်ငန်း အုပ်စု ဥက္ကဋ္ဌ ဒေါက်တာ ရှာရမ်ကီးရှိုး ဆင်းက မြန်မာကိုစားလှယ် အဖွဲ့ဟာ မဏိပူပြည်နယ်နဲ့ Sky ဟိုတယ်ရဲ့ ဝန်ဆောင်မှုတွေကို ချီးကျူးခဲ့ကြောင်း၊ Sky ဟိုတယ်ရဲ့ အဆင့်မြင့် ဆေးကုသ ဝန်ဆောင်မှု၊ တခြားနိုင်ငံတွေထက် ဆေးကုသစရိတ် ထက်ဝက် သက်သာမှု၊ မြန်မာနိုင်ငံမှာ ကြော်ငြာမှုတွေ မလုပ်ရဘဲ မြန်မာလူနာတွေ လာရောက် ဆေးကုသခံယူမှုတွေ ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


ရောဂါရှာဖွေရေး၊ နှလုံးရောဂါဆိုင်ရာ ကုသရေးတွေနဲ့ ပတ်သက်လို့ ငွေကြေးတတ်နိုင်တဲ့ မြန်မာမိသားစုတွေဟာ ဈေးကြီးမြင့်တဲ့ ထိုင်းနဲ့ စင်ကာပူနိုင်ငံက ဆေးရုံတွေမှာ သွားရောက် ဆေးကုသမှု ခံယူနေကြရကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။