မစၥခရစၥတင္းနဲ႔ ရခိုုင္ျပည္နယ္လႊတ္ေတာ္တို႔ ဘဂၤါလီေတြ ျပန္လာႏုိင္ေရး ေဆြးေႏြး

0
65

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ မစၥခရစၥတင္း ရွာရာနာ ဘာဂနာဟာ ဒီကေန႔ ဇူလိုင္လ ၁၂ ရက္ေန႔ မနက္ပိုင္းက  ရခုိင္ျပည္နယ္အစိုးရဖြဲ႔အပါအဝင္ အရပ္ဖက္အဖြဲ႔အစည္းေတြ၊ ႏုိင္ငံေရးပါတီေတြနဲ႔ လႊတ္ေတာ္ရဲ႕ အႀကံျပဳခ်က္ေတြကို ေဆြးေႏြးခဲ့ပါတယ္။ 

လက္ရွိ ရခုိင္ျပည္နယ္အတြင္း တိုက္ပြဲျဖစ္ပြားမႈေတြ ျဖစ္ပြားေနတာေၾကာင့္ ဘဂၤါလီေတြ ေပန္လည္လက္ခံေရး လုပ္ငန္းေတြကို အေဆာတလ်င္ျပဳလုပ္ဖုိ႔မသင့္ေၾကာင္းနဲ႔ လက္ရွိ ေႀကီးေရလွ်ံျဖစ္ပြာေနတဲ့အတြက္ စစ္ေဘး ေရွာင္ေတြ ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြကို အစိုးရက ေျဖရွင္းေဆာင္ရြက္တာ မရွိေသးေၾကာင္းနဲ႔ တုိက္ပြဲျဖစ္ပြားမႈကိစၥရပ္ေတြကို ရပ္စဲႏုိင္ဖုိ႔အတြက္ ျပည္ပႏုိင္ငံေတြက ဝင္ေရာက္ညွိႏုိင္ေပးဖုိ႔လိုအပ္ေနေၾကာင္း မစၥခရစၥတင္းကို အႀကံျပဳေဆြးေႏြးခဲ့တယ္လို႔ ရခုိင္ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠဌ ဦးျမသန္းကေျပာပါတယ္။

အထူးကို္ယ္စားလွယ္နဲ႔အဖြဲဲ႔ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၀ ရက္ေန႔မွာ ရခိုင္အမ်ိဳးသားပါတီ ANP ေခါင္းေဆာင္ေတြနဲ႔ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီး ရခုိင္ျပည္နယ္အတြင္းက စစ္ေဘးေရွာင္ေတြရဲ႕အေရးကိစၥရပ္ေတြ၊ စစ္ေရးပဋိကၡအေျခအေနေတြနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲ အလားအလာေတြကို ေဆြးေႏြးခဲ့တယ္လို႔ ANP ရဲ႕ပါတီမူဝါဒေရးရာေကာ္မတီဝင္ ေဒၚေအးႏုစိန္ကေျပာပါတယ္။ 

ဇူလိုင္လ ၁၁ ရက္မေန႔က မနက္ပိုင္းမွာေတာ့ အထူးကိုယ္စားလွယ္နဲ႔ အဖြဲ႔ဟာ ေျမပံုၿမိဳ႕နယ္အတြင္းက ဘဂၤါလီေတြေနထိုင္တဲ့ ေတာင္ေပၚဒုကၡသည္စခန္းကို သြားေရာက္ေလ့လာခဲ့ၿပီး ေန႔လည္ပိုင္းမွာေတာ့ ရခိုင္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒တုိ႔နဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

မစ္စခရစ္စတင်းနဲ့ ရခိုင်ပြည်နယ်လွှတ်တော်တို့ ဘင်္ဂါလီတွေ ပြန်လာနိုင်ရေး ဆွေးနွေး


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရာနာ ဘာဂနာဟာ ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရဖွဲ့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို ဆွေးနွေးခဲ့ပါတယ်။


လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေ ဖြစ်ပွားနေတာကြောင့် ဘင်္ဂါလီတွေ ပေန်လည်လက်ခံရေး လုပ်ငန်းတွေကို အဆောတလျင်ပြုလုပ်ဖို့မသင့်ကြောင်းနဲ့ လက်ရှိ ကြေီးရေလျှံဖြစ်ပွာနေတဲ့အတွက် စစ်ဘေး ရှောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစိုးရက ဖြေရှင်းဆောင်ရွက်တာ မရှိသေးကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားမှုကိစ္စရပ်တွေကို ရပ်စဲနိုင်ဖို့အတွက် ပြည်ပနိုင်ငံတွေက ဝင်ရောက်ညှိနိုင်ပေးဖို့လိုအပ်နေကြောင်း မစ္စခရစ္စတင်းကို အကြံပြုဆွေးနွေးခဲ့တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းကပြောပါတယ်။


အထူးကိ်ုယ်စားလှယ်နဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေရဲ့အရေးကိစ္စရပ်တွေ၊ စစ်ရေးပဋိက္ခအခြေအနေတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အလားအလာတွေကို ဆွေးနွေးခဲ့တယ်လို့ ANP ရဲ့ပါတီမူဝါဒရေးရာကော်မတီဝင် ဒေါ်အေးနုစိန်ကပြောပါတယ်။


ဇူလိုင်လ ၁၁ ရက်မနေ့က မနက်ပိုင်းမှာတော့ အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ မြေပုံမြို့နယ်အတွင်းက ဘင်္ဂါလီတွေနေထိုင်တဲ့ တောင်ပေါ်ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။