မင္းသား ဘရက္ပစ္နဲ႔ ကြာရွင္းခ်ိန္က နာက်င္ခံစားခဲ့ရတယ္လို႔ ဖြင့္ဟလိုက္တဲ့ ဂ်ဳိလီ

0
63

ခင္ပြန္းျဖစ္သူ မင္းသား ဘရက္ပစ္နဲ႔ ကြာရွင္းခ်ိန္မွာ နာက်င္ခံစားခဲ့ရတယ္လို႔ ကမာၻေက်ာ္မင္းသမီး အင္ဂ်လီနာ ဂ်ိဳလီက ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။

ဘရက္ပစ္နဲ႔ မင္းသမီး ဂ်ိဳလီတုိ႔ဟာ ၂၀၁၆ ခုႏွစ္က ကြာရွင္းဖုိ႔ ဆံုးျဖတ္ခဲ့ၿပီး တရား႐ံုးမွာ ေလွ်ာက္ထားခဲ့ပါတယ္။ ဂ်ိဳလီနဲ႔ ဘရက္ပစ္တုိ႔ဟာ သားသမီး ေျခာက္ဦး ရွိေနၿပီး သားသမီး အုပ္ထိန္းခြင့္နဲ႔ ပတ္သက္လုိ႔ တရားရင္ဆုိင္ေနရဆဲ ျဖစ္ပါတယ္။

ဂ်ိဴလီက ဘရက္ပစ္နဲ႔ ကြာရွင္းခ်ိန္မွာ မ်ားစြာ စိတ္ထိခုိက္ ဝမ္းနည္းခဲ့ရေၾကာင္း၊ ဘဝကို ျပန္လည္ တည္ေဆာက္ဖုိ႔ ႀကိဳးပမ္းခဲ့ရေၾကာင္း ေျပာပါတယ္။ မင္းသမီး ဂ်ိဳလီ နဲ႔ ဘရက္ပစ္တုိ႔ရဲ႕သား အသက္ ၁၈ ႏွစ္အရြယ္ရွိ မက္ေဒါ့ဟာ အခု ေတာင္ကိုရီးယားႏုိင္ငံမွာ တကၠသိုလ္တက္ေနၿပီး က်န္သားသမီး ငါးဦးက မင္းသမီး ဂ်ိဳလီနဲ႔အတူ ရွိေနပါတယ္။

မင်းသား ဘရက်ပစ်နဲ့ ကွာရှင်းချိန်က နာကျင်ခံစားခဲ့ရတယ်လို့ ဖွင့်ဟလိုက်တဲ့ ဂျိုလီ

ခင်ပွန်းဖြစ်သူ မင်းသား ဘရက်ပစ်နဲ့ ကွာရှင်းချိန်မှာ နာကျင်ခံစားခဲ့ရတယ်လို့ ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာ ဂျိုလီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘရက်ပစ်နဲ့ မင်းသမီး ဂျိုလီတို့ဟာ ၂၀၁၆ ခုနှစ်က ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပြီး တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ဂျိုလီနဲ့ ဘရက်ပစ်တို့ဟာ သားသမီး ခြောက်ဦး ရှိနေပြီး သားသမီး အုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဂျိူလီက ဘရက်ပစ်နဲ့ ကွာရှင်းချိန်မှာ များစွာ စိတ်ထိခိုက် ဝမ်းနည်းခဲ့ရကြောင်း၊ ဘဝကို ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းခဲ့ရကြောင်း ပြောပါတယ်။ မင်းသမီး ဂျိုလီ နဲ့ ဘရက်ပစ်တို့ရဲ့သား အသက် ၁၈ နှစ်အရွယ်ရှိ မက်ဒေါ့ဟာ အခု တောင်ကိုရီးယားနိုင်ငံမှာ တက္ကသိုလ်တက်နေပြီး ကျန်သားသမီး ငါးဦးက မင်းသမီး ဂျိုလီနဲ့အတူ ရှိနေပါတယ်။