မင္းလွ ၿမိဳ႕နယ္မွာ ေက်ာက္မီးေသြးတြင္း ေျမၿပိဳက်မႈ ႏွစ္ဦး ေသဆံုး

0
62

မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္ အင္ၾကင္းေတာင္ကုမၸဏီက တူးေဖာ္ေနတဲ့ ေက်ာက္မီးေသြးတြင္း ၿပိဳက်မႈမွာ ပိတ္မိေနတဲ့ ေလးဦးအနက္ ႏွစ္ဦးေသဆံုးခဲ့ပါတယ္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၂၅ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ခန္႔က မိုးသည္းထန္စြာ ရြာသြန္းခဲ့တဲ့အတြက္ေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲကို ေတာင္က်ေရစီး၀င္ၿပီး ၿပိဳက်ခဲ့တာျဖစ္ပါတယ္။ အဲဒီေျမၿပိဳက်မႈေၾကာင့္ မင္းလွၿမိဳ႕၊ ကန္တုတ္ေက်းရြာအုပ္စု၊ ေက်ာက္ေထာင္ေက်းရြာက ေမာင္စိုးေအာင္နဲ႔ အမ္းၿမိဳ႕၊ လွကာရေက်းရြာက ေမာင္ပိုင္စိုးဝင္းတို႔ ႏွစ္ဦး ေသဆံုးခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔၊ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔၊ ေဒသခံေတြ၊ ေက်ာက္မီးေသြးတြင္း လုပ္သားေတြနဲ႔ ရဲတပ္ဖြဲ႔၀င္ေတြက ေက်ာက္မီးေသြးတြင္းထဲမွာ ပိတ္မိေနေသးတဲ့ က်န္တဲ့ႏွစ္ေယာက္ကို ကယ္ဆယ္ဖို႔အတြက္ စုေပါင္းေဆာင္ရြက္ေနပါတယ္။ 

မင်းလှ မြို့နယ်မှာ ကျောက်မီးသွေးတွင်း မြေပြိုကျမှု နှစ်ဦး သေဆုံး


မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အင်ကြင်းတောင်ကုမ္ပဏီက တူးဖော်နေတဲ့ ကျောက်မီးသွေးတွင်း ပြိုကျမှုမှာ ပိတ်မိနေတဲ့ လေးဦးအနက် နှစ်ဦးသေဆုံးခဲ့ပါတယ်။


ဖြစ်စဉ်မှာ သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက်ကြောင့် ကျောက်မီးသွေးတွင်းထဲကို တောင်ကျရေစီးဝင်ပြီး ပြိုကျခဲ့တာဖြစ်ပါတယ်။ အဲဒီမြေပြိုကျမှုကြောင့် မင်းလှမြို့၊ ကန်တုတ်ကျေးရွာအုပ်စု၊ ကျောက်ထောင်ကျေးရွာက မောင်စိုးအောင်နဲ့ အမ်းမြို့၊ လှကာရကျေးရွာက မောင်ပိုင်စိုးဝင်းတို့ နှစ်ဦး သေဆုံးခဲ့ပါတယ်။


လက်ရှိအချိန်မှာတော့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဒေသခံတွေ၊ ကျောက်မီးသွေးတွင်း လုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေသေးတဲ့ ကျန်တဲ့နှစ်ယောက်ကို ကယ်ဆယ်ဖို့အတွက် စုပေါင်းဆောင်ရွက်နေပါတယ်။