
0
69




ဘီပီအိုင် စက်ရုံမှူးမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှိနေပြီလို့ ဥပဒေအကြံပေး ပြော


ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ အင်းစိန် ဘီပီအိုင် စက်ရုံးမှူး ဒေါက်တာ အောင်ဇော်ကို ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဒုတိယကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။


လက်ရှိမှာ ဘီပီအိုင် စက်ရုံမှူး ဒေါက်တာ အောင်ဇော်မှာ သက်သေအထောက်အထား အခိုင်အလုံရှိနေပြီ ဖြစ်တဲ့အတွက် တရားရုံးကို တင်ပြနိုင်ခဲ့ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ အမှုကို ဖြေလျှော့ပေးသွားမယ်လို့ ထင်ကြောင်းလည်း စက်ရုံမှူးရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။


အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဘီပီအိုင် စက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို ဆေးဝါးထုတ်ပိုးပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် ကော်စေ့ ၂၆ တန်ဝယ်ယူရာမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ ဝယ်ယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အင်းစိန်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။