
0
1708




>>>>>>>>>>>>>>>>>>>>>>>>>>

ဘိုလီဗီးယား ရေကြီးမှု လူထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်

ဘိုလီဗီးယား နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့လို့ လူထောင်ပေါင်းများစွာ ရေကြီးမှုဒဏ်ကို ခံစားခဲ့ကြရပြီး လူထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ ဘိုလီဗီးယား နိုင်ငံတွေကို မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုကြောင့် မိုးသည်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၆ ဦး ရှိခဲ့ပါတယ်။ ရေကြီးမှုဒဏ်ကို ခံစားနေရတဲ့ ဒေသခံတွေကိုတော့ စစ်သားတွေက ကယ်ဆယ်ရွှေ့ ပြောင်းမှုတွေ လုပ်ဆောင်ပေးနေကြပါတယ်။

ရေကြီးမှုကြောင့် မိသားစု ၅ ထောင်လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ပြီး ရေကြီးမှုဟာ လာမယ့် ရက်ပိုင်းအတွင်း နိုင်ငံ မြောက်ဘက်ပိုင်းမှာလည်း ဖြစ်ပွားလာလိမ့်မယ်လို့ သက်ဆိုင်ရာအဖွဲ့က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။