ဘာလီမွာ မူးယစ္ေဆးဝါး စီးနင္းရွာေဖြ၊ ေနထိုင္သူေတြကို ေဆးစစ္

0
136

အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကြ်န္းရွိ အာဘီယန္ဆီမယ္ ဧရိယာမွာ ရဲေတြက ေနအိမ္ေတြစီးနင္းၿပီး မူးယစ္ေဆးဝါး ရွာေဖြခဲ့ပါတယ္။

ေနထိုင္သူေတြကိုလည္း ဆီးစစ္ခဲ့ရာမွာ လူ ရွစ္ဦးဟာ မူးယစ္ေဆးဝါး သံုးစြဲထားေၾကာင္း စစ္ေဆးေတြ႔ရွိရပါတယ္။ အဲဒီ ဧရိယာအတြင္းရွိ ေနအိမ္ ၁၆ လံုးမွာ ေနထိုင္သူေတြကို ဇြန္လ ၁၆ ရက္ေန႔ မနက္ပိုင္းက စီးနင္းရွာေဖြခဲ့တာပါ။

စီးနင္းရွာေဖြမႈမွာ အင္ဒိုနီးရွားစစ္တပ္၊ ရဲတပ္ဖြဲနဲ႔ ဘာေဒါင္ ျမဴနီစပယ္ ရဲတပ္ဖြဲ႔တို႔ ပူးေပါင္းပါဝင္ခဲ့ၿပီး ဒီဧရိယာမွာ မူးယစ္ေဆးဝါး သံုးစြဲမႈေတြ ေလွ်ာ့ခ်ဖို႔ ျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ သံသယရွိသူ လူ ၃၀ ဦးကို ဆီးစစ္ခဲ့ၿပီး ရွစ္ဦးဟာ မက္သာဖက္တမင္း၊ ဒိုင္ယာဇီပင္ စတဲ့ ေဆးတစ္မ်ိဳးမ်ိဳး သံုးစြဲထားရေၾကာင္း ေတြ႔ရွိခဲ့ပါတယ္။

ဘာလီမှာ မူးယစ်ဆေးဝါး စီးနင်းရှာဖွေ၊ နေထိုင်သူတွေကို ဆေးစစ်

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ အာဘီယန်ဆီမယ် ဧရိယာမှာ ရဲတွေက နေအိမ်တွေစီးနင်းပြီး မူးယစ်ဆေးဝါး ရှာဖွေခဲ့ပါတယ်။

နေထိုင်သူတွေကိုလည်း ဆီးစစ်ခဲ့ရာမှာ လူ ရှစ်ဦးဟာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ အဲဒီ ဧရိယာအတွင်းရှိ နေအိမ် ၁၆ လုံးမှာ နေထိုင်သူတွေကို ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းက စီးနင်းရှာဖွေခဲ့တာပါ။

စီးနင်းရှာဖွေမှုမှာ အင်ဒိုနီးရှားစစ်တပ်၊ ရဲတပ်ဖွဲနဲ့ ဘာဒေါင် မြူနီစပယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ပြီး ဒီဧရိယာမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ လျှော့ချဖို့ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သံသယရှိသူ လူ ၃၀ ဦးကို ဆီးစစ်ခဲ့ပြီး ရှစ်ဦးဟာ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင် စတဲ့ ဆေးတစ်မျိုးမျိုး သုံးစွဲထားရကြောင်း တွေ့ရှိခဲ့ပါတယ်။