ဘရစ္တနီ စပီးယားစ္ရဲ႕ ပထမတန္းေက်ာင္းသူတုန္းက လက္မွတ္ ေရာင္းခ်မယ္

0
1161

ဘရစ္တနီ စပီးယားစ္ အသက္ ၇ ႏွစ္၊ ပထမတန္းေက်ာင္းသူဘဝတုန္းက ေက်ာင္းႏွစ္ပတ္လည္ စာေစာင္မွာ ေရးထိုးထားတဲ့ လက္မွတ္ကို ေလလံတင္ ေရာင္းခ်မွာ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံ၊ မစၥစၥပီျပည္နယ္၊ မက္ခ္ကုန္းဘ္ရွိ ပါ့ခ္လိန္း အကယ္ဒမီမွာ ေက်ာင္းေနစဥ္ ၁၉၈၉ ခုႏွစ္တုန္းက ထုတ္ေဝတဲ့ ႏွစ္လည္စာေစာင္မွာ ဘရစ္တနီ စပီးယားစ္ ထိုးထားတဲ့ လက္မွတ္ကို ဟယ္ရီတိတ္ ေလလံလုပ္ငန္းက ေလလံတင္မွာ ျဖစ္ပါတယ္။

ပထမတန္းေက်ာင္းသူသာ ရွိေသးတဲ့အတြက္ လက္မွတ္ကေတာ့ စာလံုးေပါင္းထား႐ံု သက္သက္ပဲ ျဖစ္ပါတယ္။ ေက်ာင္းႏွစ္လည္ စာေစာင္ဟာ စာမ်က္ႏွာ ၆၀ ပါရွိၿပီး ဘရစ္တနီ စပီးယားစ္ ဆြဲထားတဲ့ ပန္းခ်ီပံု ႏွစ္ပံုလည္း ပါဝင္ပါတယ္။ ေလလံကို ေအာက္တိုဘာ ၁၈ ရက္ေန႔ စတင္မွာျဖစ္ၿပီး လက္မွတ္ပါ စာေစာင္ဟာ အေမရိကန္ ေဒၚလာ ၁ သိန္းအထက္ ရမယ္လို႔ ခန္႔မွန္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘရစ်တနီ စပီးယားစ်ရဲ့ ပထမတန်းကျောင်းသူတုန်းက လက်မှတ် ရောင်းချမယ်

ဘရစ်တနီ စပီးယားစ် အသက် ၇ နှစ်၊ ပထမတန်းကျောင်းသူဘဝတုန်းက ကျောင်းနှစ်ပတ်လည် စာစောင်မှာ ရေးထိုးထားတဲ့ လက်မှတ်ကို လေလံတင် ရောင်းချမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်၊ မက်ခ်ကုန်းဘ်ရှိ ပါ့ခ်လိန်း အကယ်ဒမီမှာ ကျောင်းနေစဉ် ၁၉၈၉ ခုနှစ်တုန်းက ထုတ်ဝေတဲ့ နှစ်လည်စာစောင်မှာ ဘရစ်တနီ စပီးယားစ် ထိုးထားတဲ့ လက်မှတ်ကို ဟယ်ရီတိတ် လေလံလုပ်ငန်းက လေလံတင်မှာ ဖြစ်ပါတယ်။

ပထမတန်းကျောင်းသူသာ ရှိသေးတဲ့အတွက် လက်မှတ်ကတော့ စာလုံးပေါင်းထားရုံ သက်သက်ပဲ ဖြစ်ပါတယ်။ ကျောင်းနှစ်လည် စာစောင်ဟာ စာမျက်နှာ ၆၀ ပါရှိပြီး ဘရစ်တနီ စပီးယားစ် ဆွဲထားတဲ့ ပန်းချီပုံ နှစ်ပုံလည်း ပါဝင်ပါတယ်။ လေလံကို အောက်တိုဘာ ၁၈ ရက်နေ့ စတင်မှာဖြစ်ပြီး လက်မှတ်ပါ စာစောင်ဟာ အမေရိကန် ဒေါ်လာ ၁ သိန်းအထက် ရမယ်လို့ ခန့်မှန်းထားပါတယ်။