ဘဏ္လုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြ မစိုးရိမ္ၾကဖုိ႔ ဗဟုိဘဏ္ ထုတ္ျပန္

0
26

ဘဏ္လုပ္ငန္းနဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြ မရွိၾကေစဖုိ႔ ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္က စက္တင္ဘာလ ၂ ရက္ေန႔ ရက္စြဲနဲ႔ အသိေပးထုတ္ျပန္ခဲ့ပါတယ္။

ဗဟိုဘဏ္ သေဘာသဘာဝအရ ဘဏ္ေတြရဲ႕ ေနာက္ဆံုး အားထားရာအျဖစ္ ဘဏ္ေတြရဲ႕ လိုအပ္ခ်က္ေတြ ရွိခဲ့ပါက ျပည့္ဝစြာ ကူညီေထာက္ပံ့သြားမွာျဖစ္ၿပီး ျပည္သူလူထုအေနနဲ႔ ဘဏ္လုပ္ငန္းနဲ႔ ပတ္သက္ၿပီး    စိုးရိမ္ပူပန္မႈေတြ မရွိၾကေစဖုိ႔ အသိေပး ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္က လက္ရွိ ဘဏ္လုပ္ငန္းေတြနဲ႔ လုပ္ငန္းရွင္ေတြအၾကား ညႇိႏိႈင္း ေတြ႔ဆံုေဆြးေႏြးမႈေတြနဲ႔ ပတ္သက္ၿပီး  ဆက္လက္ညႇိႏိႈင္း ေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗဟိုဘဏ္ ဒုတိယဥကၠ႒က ၾသဂုတ္လ ၂၇ ရက္ေန႔ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးမွာ ေျဖၾကားခဲတဲ့့အခ်က္ဟာ ဗဟိုဘဏ္ရဲ႕ ရပ္တည္ခ်က္နဲ႔ ျပည့္ဝစြာ ကိုက္ညီမႈမရွိေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ မစိုးရိမ်ကြဖို့ ဗဟိုဘဏ် ထုတ်ပြန်


ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မရှိကြစေဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။


ဗဟိုဘဏ် သဘောသဘာဝအရ ဘဏ်တွေရဲ့ နောက်ဆုံး အားထားရာအဖြစ် ဘဏ်တွေရဲ့ လိုအပ်ချက်တွေ ရှိခဲ့ပါက ပြည့်ဝစွာ ကူညီထောက်ပံ့သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မရှိကြစေဖို့ အသိပေး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ရှိ ဘဏ်လုပ်ငန်းတွေနဲ့ လုပ်ငန်းရှင်တွေအကြား ညှိနှိုင်း တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက သြဂုတ်လ ၂၇ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဖြေကြားခဲတဲ့အချက်ဟာ ဗဟိုဘဏ်ရဲ့ ရပ်တည်ချက်နဲ့ ပြည့်ဝစွာ ကိုက်ညီမှုမရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။