ဘဂၤါလီ အက်ပ္အတည္း ဘဂၤလားေဒ့ရွ္က ေတာင္ကိုရီးယားကို အကူအညီေတာင္း

0
57

ေဒသတြင္းမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္ေနတဲ့ ဘဂၤါလီ မြတ္စလင္အေရး ၿငိမ္းခ်မ္းစြာ ေျဖရွင္းေရးမွာ ျမန္မာနဲ႔ ေစ့စပ္ညွိႏိႈင္းေပးဖို႔ ေတာင္ကိုရီးယားကို ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ ဟာစီနာက တိုက္တြန္းလုိက္ပါတယ္။

ဘဂၤလားေဒ့ရွ္ကို ေရႊ႕ေျပာင္းဝင္ေရာက္ေနထိုင္တဲ့ ဘဂၤါလီေတြဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္ေနေၾကာင္း၊ ေတာင္ကိုရီးယားက ျမန္မာနဲ႔ ေစ့စပ္ညွိႏိႈင္းေပးဖို႔ ေမွ်ာ္လင့္ေၾကာင္း ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ေတာင္ကိုရီးယား ဝန္ႀကီးခ်ဳပ္ လီ နတ္ ရီယြန္ကလည္း သူတို႔တတ္ႏိုင္တဲ့ ဘာကိုမဆို လုပ္ေဆာင္ေပးမယ္လို႔ တံု႔ျပန္ခဲ့ပါတယ္။

ဇူလိုင္လ ၁၄ ရက္ေန႔က ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္႐ံုးမွာ ဘဂၤလားေဒ့ရွ္နဲ႔ ေတာင္ကိုရီးယား တာဝန္ရွိသူေတြ ေတြ႔ဆံုစဥ္ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္က ေတာင္ကိုရီးယားအေနနဲ႔ ဘဂၤလားေဒ့ရွ္ ပို႔ကုန္ေတြကို ျခြင္းခ်က္မရွိ အခြန္ကင္းလြတ္ခြင့္ျပဳဖို႔လည္း ေတာင္းဆိုခဲ့ပါတယ္။ 

ဘင်္ဂါလီ အကျပ်အတည်း ဘင်္ဂလားဒေ့ရှ်က တောင်ကိုရီးယားကို အကူအညီတောင်း


ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ ဘင်္ဂါလီ မွတ်စလင်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းရေးမှာ မြန်မာနဲ့ စေ့စပ်ညှိနှိုင်းပေးဖို့ တောင်ကိုရီးယားကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက တိုက်တွန်းလိုက်ပါတယ်။


ဘင်္ဂလားဒေ့ရှ်ကို ရွှေ့ပြောင်းဝင်ရောက်နေထိုင်တဲ့ ဘင်္ဂါလီတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း၊ တောင်ကိုရီးယားက မြန်မာနဲ့ စေ့စပ်ညှိနှိုင်းပေးဖို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောပါတယ်။ တောင်ကိုရီးယား ဝန်ကြီးချုပ် လီ နတ် ရီယွန်ကလည်း သူတို့တတ်နိုင်တဲ့ ဘာကိုမဆို လုပ်ဆောင်ပေးမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။


ဇူလိုင်လ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရုံးမှာ ဘင်္ဂလားဒေ့ရှ်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေ တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က တောင်ကိုရီးယားအနေနဲ့ ဘင်္ဂလားဒေ့ရှ် ပို့ကုန်တွေကို ခြွင်းချက်မရှိ အခွန်ကင်းလွတ်ခွင့်ပြုဖို့လည်း တောင်းဆိုခဲ့ပါတယ်။