ဘဂၤါလီ လူကုန္ကူးတဲ့ သတင္းေထာက္ဟာ အလုပ္ထုတ္ထားသူ ျဖစ္တယ္လို႔ ေၾကးမံု ထုတ္ျပန္

0
261

ဘဂၤါလီ ေျခာက္ဦးကို လူကုန္ကူးမႈနဲ႔ အဖမ္းခံရတဲ့ သတင္းေထာက္ဟာ ေၾကးမံုသတင္းစာ သတင္းေထာက္ အလုပ္ကေန ရပ္ဆိုင္းထားသူ ျဖစ္တယ္လို႔ ေၾကးမံု သတင္းစာက သတင္းထုတ္ျပန္ပါတယ္။

သတင္းေထာက္ ေစာမိုးေက်ာ္ဟာ အခေၾကးေငြယူကာ ဘဂၤါလီ ေျခာက္ဦးကို ကားနဲ႔ တင္ေခၚလာစဥ္ မေန႔က ဒီဇင္ဘာ ၂၈ ရက္ ပန္းေတာင္းၿမိဳ႕နယ္၊ ဥသွ်စ္ပင္ၿမိဳ႕မွာ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။ ေတာင္ကုတ္ကေန ျပည္ဘက္ကို ေမာင္းလာတဲ့ တိုယိုတာ မတ္တူး အိမ္းစီးကားကို စစ္ေဆးဖို႔ တားဆီးရာမွာ အစစ္မခံဘဲ ေမာင္းေျပးရာက ဥသွ်စ္ပင္ၿမိဳ႕မွာ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

ဖမ္းမိတဲ့ ေစာမိုးေက်ာ္ဟာ ေၾကးမံုသတင္းစာ သတင္းေထာက္ကတ္ကို ကိုင္ေဆာင္ထားပါတယ္။ ေစာမိုးေက်ာ္ဟာ ေက်ာက္ျဖဴၿမိဳ႕နယ္ သတင္းေထာက္အျဖစ္ ၂၀၁၆ ခုႏွစ္အထိ ေဆာင္ရြက္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာ သတင္းေပးပို႔ျခင္း မရွိလို႔ ၂၀၁၇ ခုႏွစ္ ဇူလိုင္လမွာ အလုပ္ကေန ရပ္ဆိုင္းထားတယ္လို႔ ေၾကးမံုသတင္းစာက သတင္းထုတ္ျပန္ပါတယ္။

ေစာမိုးေက်ာ္ရဲ႕ သတင္းေထာက္ကတ္ျပားမွာေတာ့ ကတ္ထုတ္ေပးတဲ့ရက္စြဲက ၁-၁-၂၀၆ ျဖစ္ၿပီး သက္တမ္းကုနဆံုးရက္က ၃၁-၁၂-၂၀၁၇ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ လူကုန်ကူးတဲ့ သတင်းထောက်ဟာ အလုပ်ထုတ်ထားသူ ဖြစ်တယ်လို့ ကြေးမုံ ထုတ်ပြန်

ဘင်္ဂါလီ ခြောက်ဦးကို လူကုန်ကူးမှုနဲ့ အဖမ်းခံရတဲ့ သတင်းထောက်ဟာ ကြေးမုံသတင်းစာ သတင်းထောက် အလုပ်ကနေ ရပ်ဆိုင်းထားသူ ဖြစ်တယ်လို့ ကြေးမုံ သတင်းစာက သတင်းထုတ်ပြန်ပါတယ်။

သတင်းထောက် စောမိုးကျော်ဟာ အခကြေးငွေယူကာ ဘင်္ဂါလီ ခြောက်ဦးကို ကားနဲ့ တင်ခေါ်လာစဉ် မနေ့က ဒီဇင်ဘာ ၂၈ ရက် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ တောင်ကုတ်ကနေ ပြည်ဘက်ကို မောင်းလာတဲ့ တိုယိုတာ မတ်တူး အိမ်းစီးကားကို စစ်ဆေးဖို့ တားဆီးရာမှာ အစစ်မခံဘဲ မောင်းပြေးရာက ဥသျှစ်ပင်မြို့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိတဲ့ စောမိုးကျော်ဟာ ကြေးမုံသတင်းစာ သတင်းထောက်ကတ်ကို ကိုင်ဆောင်ထားပါတယ်။ စောမိုးကျော်ဟာ ကျောက်ဖြူမြို့နယ် သတင်းထောက်အဖြစ် ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ သတင်းပေးပို့ခြင်း မရှိလို့ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ အလုပ်ကနေ ရပ်ဆိုင်းထားတယ်လို့ ကြေးမုံသတင်းစာက သတင်းထုတ်ပြန်ပါတယ်။

စောမိုးကျော်ရဲ့ သတင်းထောက်ကတ်ပြားမှာတော့ ကတ်ထုတ်ပေးတဲ့ရက်စွဲက ၁-၁-၂၀၆ ဖြစ်ပြီး သက်တမ်းကုနဆုံးရက်က ၃၁-၁၂-၂၀၁၇ ဖြစ်ပါတယ်။