
0
65




ဘင်္ဂါလီ မွတ်စလင်အရေး စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ကို လျှောက်ထား


ဘင်္ဂါလီ မွတ်စလင် အကျပ်အတည်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခွင့်ပေးဖို့ နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) ကို ရှေ့နေ ဖာတို ဘင်ဆိုဒါက တရားသူကြီးတွေထံ မနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။


အခုလို လျှောက်ထားမှုကို တရားသူကြီးတွေက ဘယ်အချိန်မှာ အဆုံးအဖြတ်ပေးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘင်္ဂါလီတွေကို နှင်ထုတ်ခြင်း အပါအဝင် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ နှိပ်ကွပ်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဖြစ်တယ်လို့ ရှေ့နေ ဖာတို ဘင်ဆိုဒါက ပြောကြောင်း ICC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


နယ်သာလန်နိုင်ငံ၊ သည် ဟိတ်ဂ်မြို့ အခြေစိုက် ICC ရဲ့ ရှေ့နေ ဖာတို ဘင်ဆိုဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ သက်သေအထောက်အထား ရှာဖွေဖို့ လျှောက်ထားခဲ့လို့ တရားသူကြီး သုံးဦးပါ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပေးခဲ့ပြီး ဖြစ်ပါတယ်။