
0
96




ဘင်္ဂါလီ ဒုက္ခသည်တွေဟာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ရှိတ်ခ် ဟာစီနာ ပြော


ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်လို့ မြန်မာဘက်က ပြန်ခေါ်သင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပြောပါတယ်။


ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း၊ ကောက်ဘဇား ဒေသခံတွေဟာ ဘင်္ဂါလီတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း ပြောခဲ့တာပါ။ ဗြိတိန် ပါတီစုံ ပါလီမန်အဖွဲ့ (APPG) ဥက္ကဋ္ဌ အန်နီ၊ ဘင်္ဂလားဒေ့ရှ် မိတ်ဆွေ ဗြိတိန် ကွန်ဆာဗေးတစ်အဖွဲ့၊ လူဦးရေ၊ ဖွံ့ဖြိုးရေးနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဗြိတိန် ပါတီစုံ ပါလီမန်အဖွဲ့တို့ စက်တင်ဘာလ ၁၉ ရက်နေ့က ဒါကာမြို့ကို လာရောက် လည်ပတ်စဉ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။


ဗြိတိန် ကိုယ်စားလှယ်အဖွဲ့ဟာ ကောက်ဘဇားရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်လည်ပတ်ခဲ့ပြီး အစီရင်ခံစာ ရေးသားကာ ဗြိတိန် ဝန်ကြီးချုပ်ထံ တင်ပြမှာ ဖြစ်ပါတယ်။