
0
184




ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ မျိုးပွားမှု ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်ခြင်း မရှိ


ဘင်္ဂလားဒေ့ရှ်၊ ကောက်ဘဇားရှိ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်စခန်းမှာ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားမှု ကျန်းမာရေး စောင့်ရှောက်မှုတွေ လုံလောက်မှု မရှိတဲ့အတွက် နိုင်ငံတကာ အထောက်အပံ့လိုအပ်ကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးအကဲက ပြောပါတယ်။


စားနပ်ရိက္ခာ၊ ရေနဲ့ သန့်ရှင်းမှုတွေကလည်း လိုအပ်သလို လိင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်မာရေး စောင့်ရှောက်မှုတွေကလည်း အလွန်အကဲဆတ်ပြီး အကူအညီရဖို့ ခက်ခဲတယ်လို့ UNFPA ဘင်္ဂလားဒေ့ရှ် အကြီးအကဲ ဒေါက်တာ ဆတ်သီယာ ဒိုရေဆွာမိက ပြောပါတယ်။


ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမှာ ကျင်းပတဲ့ အမျိုးသမီးများ မီးဖွားမှုဆိုင်ရာ ညီလာခံ ၂၀၁၉ မှာ ဒေါက်တာ ဒိုရဆွာမိက ပြောသွားတာ ဖြစ်ပါတယ်။ အဲဒီညီလာခံကို ဇွန်လ ၃ ရက်ကစပြီး လေးရက်ကြာ ကျင်းပတာပါ။