
0
60




ဘင်္ဂါလီတွေ နေရပ်ပြန်ရေး မြန်မာကို သြစတြေးလျက ဖိအားပေးမယ်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ဘင်္ဂါလီ မွတ်စလင် ၁ သန်းကို ရခိုင်ပြည်နယ် ပြန်ပို့ရေး မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအား ဆက်ပေးမယ်လို့ သြစတြေးလျက ပြောပါတယ်။

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဒုက္ခသည် စခန်းတွေဆီကို သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မာရီ ပိန်း သွားရောက်ခဲ့ပြီးနောက် သြစတြေးလျက ဖိအားပေးမယ့်အကြောင်း ကုလသမဂ္ဂကို တင်ပြမှာ ဖြစ်ပါတယ်။

ရလဒ်ထွက်ဖို့အတွက် ဘင်္ဂါလီတွေ နေရပ်ပြန်ဖို့ လိုကြောင်း၊ သူတို့နေရပ်ပြန်မှုဟာ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ စဉ်ဆက်မပြတ် ပြန်နိုင်ရေးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာရီ ပိန်းက WA Today သတင်းဌာနကို ပြောပါတယ်။