ဘဂၤါလီေတြ ေနရပ္ျပန္ရင္ သူတို႔ဖာသာ အိမ္ေဆာက္လိမ့္မယ္လို႔ ဘဂၤလားေဒ့ရွ္ ေျပာ

0
61

ဘဂၤါလီေတြ ေနရပ္ျပန္ေရးမွာ ေနစရာအတြက္ေၾကာင့္ မေႏွာင့္ေႏွးသင့္ေၾကာင္းနဲ႔ သူတို႔ျပန္ေရာက္ရင္ သူတို႔ဖာသာ အိမ္ေဆာက္ေနလိမ့္မယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး ေအ ေက အဗၺဒူ မိုမင္က ေျပာပါတယ္။

ဘဂၤါလီေတြအတြက္ အိမ္ေဆာက္ဖို႔ မလိုဘဲ သူတို႔ကို အရင္ဆံုး ျပန္ေခၚဖို႔သာ လိုအပ္ေၾကာင္း မေန႔ စက္တင္ဘာ ၁၁ ရက္ေန႔က ဒါကာၿမိဳ႕မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။ ျမန္မာဘက္က အိမ္တခ်ိဳ႕ ေဆာက္လုပ္ၿပီးစီးခဲ့ၿပီး သံတမန္ေတြနဲ႔ ဘဂၤလားေဒ့ရွ္ ကိုယ္စားလွယ္ေတြ လာၾကည့္ၾကဖို႔ ေျပာထားေၾကာင္းလည္း မစၥတာ မိုမင္က ေျပာပါတယ္။

၁၉၇၁ ခုႏွစ္ စစ္ပြဲအတြင္း အိမ္နီးခ်င္းႏိုင္ငံက ဘဂၤါလီေတြ ေနရပ္ျပန္တုန္းက ကိစၥကို ရည္ညႊန္းၿပီး အဲဒီကာလတုန္းက ပါကစၥတန္ စစ္တပ္က အိမ္ေတြကို ဖ်က္စီးခဲ့ေၾကာင္း၊ ကိုယ့္အိမ္ ဘယ္နားရွိတယ္ဆိုတာ မသိဘဲ ျပန္ခဲ့ၾကရဖူးေၾကာင္းလည္း သူက ထည့္ေျပာသြားပါတယ္။

ဘင်္ဂါလီတွေ နေရပ်ပြန်ရင် သူတို့ဖာသာ အိမ်ဆောက်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော

ဘင်္ဂါလီတွေ နေရပ်ပြန်ရေးမှာ နေစရာအတွက်ကြောင့် မနှောင့်နှေးသင့်ကြောင်းနဲ့ သူတို့ပြန်ရောက်ရင် သူတို့ဖာသာ အိမ်ဆောက်နေလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေ ကေ အဗ္ဗဒူ မိုမင်က ပြောပါတယ်။

ဘင်္ဂါလီတွေအတွက် အိမ်ဆောက်ဖို့ မလိုဘဲ သူတို့ကို အရင်ဆုံး ပြန်ခေါ်ဖို့သာ လိုအပ်ကြောင်း မနေ့ စက်တင်ဘာ ၁၁ ရက်နေ့က ဒါကာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ မြန်မာဘက်က အိမ်တချို့ ဆောက်လုပ်ပြီးစီးခဲ့ပြီး သံတမန်တွေနဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်တွေ လာကြည့်ကြဖို့ ပြောထားကြောင်းလည်း မစ္စတာ မိုမင်က ပြောပါတယ်။

၁၉၇၁ ခုနှစ် စစ်ပွဲအတွင်း အိမ်နီးချင်းနိုင်ငံက ဘင်္ဂါလီတွေ နေရပ်ပြန်တုန်းက ကိစ္စကို ရည်ညွှန်းပြီး အဲဒီကာလတုန်းက ပါကစ္စတန် စစ်တပ်က အိမ်တွေကို ဖျက်စီးခဲ့ကြောင်း၊ ကိုယ့်အိမ် ဘယ်နားရှိတယ်ဆိုတာ မသိဘဲ ပြန်ခဲ့ကြရဖူးကြောင်းလည်း သူက ထည့်ပြောသွားပါတယ်။