ဘင်္ဂါလီတွေ လုပ်ကြံပြောဆိုမှုက သူတို့ တကယ်ခံစား ခဲ့ရတာတွေကို တန်ဖိုးကျစေတယ်လို့ ဟန်နာ ဘိခ်ျ ရေးသား
0
3515
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် ဘင်္ဂါလီ မွတ်စလင်တွေ အနေနဲ့ လုပ်ကြံပြောဆိုမှုတွေက မြန်မာပြည်မှာ ရှိစဉ် သူတို့ တကယ်ခံစားခဲ့ရတဲ့ ဒုက္ခတွေကို တန်ဖိုးကျစေတယ်လို့ သတင်းထောက် ဟန်နာ ဘိခ်ျက နယူးယောက်တိုင်းမ်မှာ ရေးပါတယ်။
အကူအညီပေးမယ့်သူတွေ ရောက်လာရင် မိန်းမတွေကို ကလေးတွေချီခိုင်းပြီး ငိုနေတဲ့ ကလေးတွေကို ရှေ့ဆုံးကို ပို့ရမယ်ဆိုတာ ဒုက္ခသည် ဘင်္ဂါလီ မွတ်စလင်တွေ သိတယ်လို့လည်း ဟန်နာ ဘိခ်ျက ရေးသားထားပါတယ်။
သတင်းထောက် ဟန်နာ ဘိခ်ျဟာ မြန်မာနိုင်ငံတဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားခဲ့သူ ဖြစ်ပြီး ဦးဝီရသူနဲ့ ပတ်သက်လို့ သူရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြပြီးနောက် မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရသူ ဖြစ်ပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဘင်္ဂါလီတွေ လုပ်ကြံပြောဆိုမှုက သူတို့ တကယ်ခံစားခဲ့ရတာတွေကို တန်ဖိုးကျစေတယ်လို့ ဟန်နာ ဘိချ် ရေးသား
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် ဘင်္ဂါလီ မွတ်စလင်တွေ အနေနဲ့ လုပ်ကြံပြောဆိုမှုတွေက မြန်မာပြည်မှာ ရှိစဉ် သူတို့ တကယ်ခံစားခဲ့ရတဲ့ ဒုက္ခတွေကို တန်ဖိုးကျစေတယ်လို့ သတင်းထောက် ဟန်နာ ဘိချ်က နယူးယောက်တိုင်းမ်မှာ ရေးပါတယ်။
အကူအညီပေးရေးအဖွဲ့တွေက အလိုအပ်ဆုံးဟာတွေ ဦးစားပေး ကူညီမယ်ဆိုတာ သိတဲ့အတွက် လုပ်ကြံတဲ့ ဇာတ်လမ်းတွေ ဖန်တီးပုံကို ဖခင်မဲ့ ညီအစ်မ ၄ ဦး အကြောင်းနဲ့ ဥပမာပေး ဖော်ထုတ်ရေးသားထားပါတယ်။
မိန်းကလေး ၄ ဦးကို ထောက်ပံ့ပေးနေတဲ့ ဦးလေးဆိုသူ ဆိုယွတ် ဟူစိန်ဟာ တကယ်တမ်းမှာ အဲဒီကလေးတွေရဲ့ ဖခင်အရင်း ဖြစ်နေပြီး ဆိုယွတ် ဟူစိန်ဟာ ဘင်္ဂလားဒေ့ရှ်မှာ မိန်းမ နှစ်ယောက်၊ မြန်မာမှာ တစ်ယောက် စုစုပေါင်း ဇနီး သုံးယောက် ယူထားသူ ဖြစ်ကြောင်း သတင်းထောက် ဟန်နာ ဘိချ် သိရှိလာခဲ့ပါတယ်။ ဆိုယွတ် ဟူစိန်ဟာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးကိုလည်း လက်ထပ်ဖို့ ကြိုးပမ်းနေပါသေးတယ်။
အကူအညီပေးမယ့်သူတွေ ရောက်လာရင် မိန်းမတွေကို ကလေးတွေချီခိုင်းပြီး ငိုနေတဲ့ ကလေးတွေကို ရှေ့ဆုံးကို ပို့ရမယ်ဆိုတာ ဒုက္ခသည် ဘင်္ဂါလီ မွတ်စလင်တွေ သိတယ်လို့လည်း ဟန်နာ ဘိချ်က ရေးသားထားပါတယ်။
သတင်းထောက် ဟန်နာ ဘိချ်ဟာ မြန်မာနိုင်ငံတဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားခဲ့သူ ဖြစ်ပြီး ဦးဝီရသူနဲ့ ပတ်သက်လို့ သူရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြပြီးနောက် မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရသူ ဖြစ်ပါတယ်။